အားလုံးပဲမင်္ဂလာပါရှင့်။ ရိုးရှင်းပြီး အရသာရှိတဲ့ အာလူး ဟင်းရည်လေးတစ်ခွက်က ထမင်းစားတဲ့အခါမှာလည်း အအီပြေစေသလို အရသာလည်းရှိပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးသွားမယ်နော်။
ပါဝင်ပစ္စည်း
- အမဲသား အနည်းငယ်
- ပဲငံပြာရည် စားပွဲစားဇွန်း ၁ ဇွန်း
- အာလူး အနေတော်လှီးပါ (၅လုံးခန့်)
- တို့ဖူး အနည်းငယ်
- ကြာဇံအနည်းငယ် (ရေနွေးလေးနဲ့ မိနစ် ၂၀ လောက်စိမ်ထားလိုက်ပါ)
- ကြက်သွန်မြိတ် ၂ ချောင်း (ပါးပါးလှီးပါ)
- ဆားနဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး အမဲသားကို ပါးပါးလေးလှီးလိုက်ပြီး ကြက်သွန်ဖြူနဲ့ ပဲငံပြာရည်တို့နဲ့အတူ နယ်ထားလိုက်ပါ။ အာလူးကိုလည်း ပါးပါးလှီးပါ။ တို့ဖူးကိုလည်းလှီးပါ။ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားလိုက်ပါ။
အိုးထဲ ဆီထည့်လိုက်ပြီး အပူပေးကာ အမဲသားကိုအရင်ကြော်ပေးလိုက်ပါ။
ပြီးရင်တော့ ရေ (၆) ခွက်လောက်ထည့်ပေးလိုက်ပြီး ဆူအောင်ထားလိုက်ပါ။ အမြုပ်လေးတွေကိုဖယ်လိုက်ပြီးအပူချိန်နည်းနည်းလျှော့လိုက်ပါ။
ပြီးရင်တော့ အာလူး၊ တို့ဖူး၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်လိုက်ပြီး ပွက်ပွက်ဆူအောင်သည်ပါ။ ၅ မိနစ်လောက်ထားပြီး အာလူးနူရင် စားလို့ရပါပြီနော်။ စားခါနီ၊ ကြက်သွန်မြိတ်နဲ့ ကြာဇံထည့်လိုက်ပါ။ ပြီးရင် ၁ မိနစ် ၂ မိနစ်လောက်ထပ်သည်ထားလိုက်ပါ။
Source: www.koreanbapsang.com
By: MyFood Myanmar