အားလုံးပဲမင်္ဂလာပါရှင့်။ ရိုးရှင်းပြီး အရသာရှိတဲ့ အာလူး ဟင်းရည်လေးတစ်ခွက်က ထမင်းစားတဲ့အခါမှာလည်း အအီပြေစေသလို အရသာလည်းရှိပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးသွားမယ်နော်။

ပါဝင်ပစ္စည်း

  • အမဲသား အနည်းငယ်
  • ပဲငံပြာရည် စားပွဲစားဇွန်း ၁ ဇွန်း
  • အာလူး အနေတော်လှီးပါ (၅လုံးခန့်)

  • တို့ဖူး အနည်းငယ်
  • ကြာဇံအနည်းငယ် (ရေနွေးလေးနဲ့ မိနစ် ၂၀ လောက်စိမ်ထားလိုက်ပါ)
  • ကြက်သွန်မြိတ် ၂ ချောင်း (ပါးပါးလှီးပါ)
  • ဆားနဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အမဲသားကို ပါးပါးလေးလှီးလိုက်ပြီး ကြက်သွန်ဖြူနဲ့ ပဲငံပြာရည်တို့နဲ့အတူ နယ်ထားလိုက်ပါ။ အာလူးကိုလည်း ပါးပါးလှီးပါ။ တို့ဖူးကိုလည်းလှီးပါ။ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားလိုက်ပါ။

အိုးထဲ ဆီထည့်လိုက်ပြီး အပူပေးကာ အမဲသားကိုအရင်ကြော်ပေးလိုက်ပါ။

ပြီးရင်တော့ ရေ (၆) ခွက်လောက်ထည့်ပေးလိုက်ပြီး ဆူအောင်ထားလိုက်ပါ။ အမြုပ်လေးတွေကိုဖယ်လိုက်ပြီးအပူချိန်နည်းနည်းလျှော့လိုက်ပါ။

ပြီးရင်တော့ အာလူး၊ တို့ဖူး၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်လိုက်ပြီး ပွက်ပွက်ဆူအောင်သည်ပါ။ ၅ မိနစ်လောက်ထားပြီး အာလူးနူရင် စားလို့ရပါပြီနော်။ စားခါနီ၊ ကြက်သွန်မြိတ်နဲ့ ကြာဇံထည့်လိုက်ပါ။ ပြီးရင် ၁ မိနစ် ၂ မိနစ်လောက်ထပ်သည်ထားလိုက်ပါ။

Source: www.koreanbapsang.com

By: MyFood Myanmar