ပါဝင်ပစ္စည်းများ
- ပလာတူးငါး – ၃ ကောင် (ကြော်ထားပါ)
- ငရုတ်သီးမှုန့် အကျက် – ၆ ဇွန်း (လဖက်ရည်ဇွန်း)
- ကြက်သွန်ဖြူ – ၆ မွှာ
- ဆား
- အချိုမှုန့်
- သံပုရာသီး
ပြုလုပ်နည်း
ကြော်ထားသော ပလာတူးငါး၏ အသားများကို နွှင်ပါ။
ဆုံထဲတွင် ငရုတ်အကြက်မှုန့် ၊ ကြက်သွန်ဖြူ ၊ ဆား ၊ အချိုမှုန့် နှင့် ငါး အသားများကို နှံ့စပ်အောင် ရောထောင်းပါ။
ငါးထောင်းကို အထားခံအောင် ခြောက်ခြောက်လေး ထောင်းကြပါတယ်။
ရွာတွင် စားခါနီးမှ စားမည့် ငါးထောင်းကို ပန်းကန်လုံးထဲသို့ ထည့်၍ ရေအနည်းငယ် ထည့်၍ ငါးထောင်းနှင့် နယ်ပြီး သံပုရာသီး ညှစ်၍ တို့စရာနှင့် စားကြပါသည်။
ဆီရှိလျင် ရေအစား ဆီထည့်နိုင်ပါသည်။
My Food Myanmar