ရာသီဥတုတအားပူလွန်းလို့ ထမင်းစားလို့မကောင်းဘူးလား။ ဒါဆိုရင်တော့ အစွမ်းထက်တဲ့ ဆီးဖြူသီးထောင်းဟင်းတစ်ခွက်နဲ့ မိတ်ဆက်ပေးမယ်နော်။
ပါဝင်ပစ္စည်း
- ဆီးဖြူသီး
- နှမ်းလှော် (သို့) မြေပဲလှော်
- ငရုပ်စိမ်း၊ ကြက်သွန်ပင်
- ဆီ၊ ဆား
ပြုလုပ်နည်း
ဆီးဖြူသီးကို နူးအာင်ပြုတ် အစေ့ဖယ်ပြီး ညက်နေအောင် နှမ်းလှော် (သို့) မြေပဲလှော် ငရုပ်စိမ်း၊ ဆား တို့နဲ့ ရောထောင်းပြီး ကြက်သွန်ပင်နဲ့ နယ်ပါ။
ပြီးလျှင် ဆီစိမ်းလေးဆမ်းပြီး ခုလို ပူအိုက်တဲ့ ရာသီနဲ့လိုက်ဖက်တဲ့ ဟင်းတစ်ခွက်ပါ။
Credit: Khet Shwe Sin