ပါဝင်ပစ္စည်းများ
- မန်ကျည်းသီးစိမ်းနုနု ၁ ဗူး (နို့ဆီဗူး)
- ငြုပ်သီးစိမ်း ၁၅ တောင့်
- ကြက်သွန်ဖြူ သေးသေး ၂ ဇွန်း (ထမင်းစားဇွန်း)
- ဆား အနည်းငယ်
- ဟင်းချိုမှုန့် အနည်းငယ်
ပြုလုပ်နည်း
- မန်ကျည်းသီးစိမ်းများကို အပေါ်ခွံ အပေါ်မှ ဖုံများ ထွက်သွားအောင် အသေအချာ ပွတ်တိုက်၍ ဆေးပါ။
- ငြုပ်သီးစိမ်းများကို ရေအနည်းငယ် ထည့်ရျ် ပြုတ်လှော်ပါ။
- ပြီးလျှင် ငြုပ်သီးစိမ်း ပြုတ်လှော်၊ ကြက်သွန်ဖြူ၊ ဟင်းချိုမှုန့် အနည်းငယ် ၊ ဆား တို့ကို ရောထောင်းပါ။
- ထို့နောက် သန့်စင်ထားသော မန်ကျည်းသီးများကိုပါ ရောပြီး ထည့်ထောင်းပါ။
- မိမိနှစ်သက်ရာ အစပ် အပေါ့အငံ အနေတော်ဖြစ်လျှင် သုံးဆောင်နိုင်ပါပြီ။ အစပ်ကို နှစ်သက်ပါက ငြုပ်သီးစိမ်း ကို ပိုရျ် ထည့်နိုင်ပါသည်။
My Food Myanmar