မင်္ဂလာပါ။ မိုးရာသီတစ်ခုသာမဟုတ်ဘဲ ရာသီတိုင်းမှာတွေ့ရလေ့ရှိတဲ့ ပုဇွန်ကို ဒီအတိုင်းကြီးမချက်တော့ဘဲ ခရမ်းသီးလေးနဲ့ရောချက်ကြရအောင်။ ခရမ်းသီးရဲ့ချိုတဲ့အရသာနဲ့ ပေါင်းလိုက်တော့ ဟင်းရဲ့အရသာက ပိုကောင်းသွားပြီပေါ့။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၅လုံး
  • ပုဇွန်အရွယ်တော် ၃၀သား
  • ပုဇွန်ခြောက်မှုန့် ၅ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်နီ ၃လုံး ၊ ကြက်သွန်ဖြူ ၁မြွှာ
  • ဂျင်း ၁ တက်

  • ဆား ၊ ဆနွင်းမှုန့့် အနည်းငယ်
  • ငါးပိ ၁ဇွန်းခန့် (ထမင်းစားဇွန်း)
  • ငံပြာရည် ၁ဇွန်းခန့် (ထမင်းစားဇွန်း)
  • ငရုတ်သီးအရောင်တင်မှုန့် ၁ဇွန်းခန့် (လဖက်ရည်ဇွန်း)
  • ဆီ ၅ကျပ်သား

ပြုလုပ်ပုံ

ခရမ်းသီး တစ်လုံးကို သုံးပိုင်းပိုင်းပြီး တစ်ပိုင်းကို တစ်ဝက် ကျော်ကျော် လေးစိပ်စိပ်ပါ။

ကြန်သွန်နီ ၊ ကြန်သွန်ဖြူ၊ ဂျင်း၊ ပုဇွန်ခြောက် အားလုံးကို ရောထောင်းပါ။

ဆား၊ ငံပြာရည်၊ ငါးပိ ၊ ဆနွင်းမှုန့့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆီတို့ဖြင့် ထောင်းထားသည့် အရာများ ရောနယ်ပါ။

လေးစိပ် စိပ်ထားသော ခရမ်းသီးထဲ အစာများထည့်ပါ။

အိုးထဲတွင် သန့်စင်ထားသော ပုဇွန်များ၊ အစာသွပ်ထားသော ခရမ်းသီးများ စီထည့်၍ ရေကိုမြုပ်အောင်ထည့်ပြီး မီးအေးအေးဖြင့် မမွှေဘဲ (အိုးကို မကြာခဏ ညင်သာစွာ လှုပ်ပေးပါ) ဆီပြန်လာလျှင် စားလို့ရပါပြီ။

Credit: Pan Pan