ပုဇွန်ကို နို့စိမ်း ဖြင့်တွဲဖက်ပြီး စိမ့်စိမ့်လေး မအီစေပဲ ထမင်း၊ ခေါက်ဆွဲ စသည့်တို့ဖြင့် တွဲသုံးဆောင်နိင်လို့ရအောင် ဖော်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ ၅ လုံး (ပါးပါးလှီးထားပါ)
- ကက်သွန်ဖြူ ၃ တက် (ပါးပါးလှီးထားပါ)
- ချင်း လက်မ အရွယ် (နုတ်နုတ်လှီးထားပါ)
- နို့စိမ်း ခွက်တစ်ဝက် (ဟင်းချက်ရန်တိုင်းသောခွက်)
- ငရုတ်သီးမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း
- ဆီ ၃ ဇွန်း စားပွဲဇွန်း
- နနွင်းမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း
- အသီးရွက်ပြုတ်ရည် ခွက် တစ်ဝက် ခွက်
- နွားနို့ ခွက် တစ်ဝက် ခွက်
- နံနံပင် ၃ ပင် (အနေတော် လှီးထားပါ)
- ငရုတ်သီးစိမ်း ၂ တောင့် (ထက်ခြမ်း ခြမ်းထားပါ)
- ပုဇွန်းဆားနယ်ရန်
- ပုဇွန်ကျား ၆-၇ ကောင် (ရေစင်အောင်ဆေး ကျောချီးထုပ်၊ အခွံမခွာပါနှင့်)
- နနွင်းမှုန့် အနည်းငယ်
- ဆား အနည်းငယ်
- ငံပြာရည် ၂ ဇွန်း လက်ဖက်ဇွန်း
ပြုလုပ်နည်း
- ဖန်ဇလုံး အကြီးထဲ ပုဇွန် နယ်နှပ်ရန် ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး ၁၀ မိနစ်လောက်နယ် နှပ်ထားပါ။
- ကြိတ်စက်ထဲ ကြက်သွန်နီ၊ဖြူ ချင်း နှင့် ငရုတ်သီး မှုန့်များ ကျေညက်အောင်မွှေပါ။
- မကပ်သောဒယ်အိုးထဲ ဆီထည့်ပြီး ပူအောင်တည်ပါ။ နနွင်းမှုန့် နှင့် အတူ ငရုတ်သီးအနှစ်များ ထည့်ပြီး ၆ မိနစ်လောက် မွှေးလာသည်အထိတည်ပါ။
- နို့စိမ်း ထည့်ပါ။ မွှေပေးပါ၊ ၅ မိနစ်လောက် အရည်ပွတ်လာသည် အထိတည်ပါ။
- ပုဇွန်ရောပြီး သေချာ အနှစ်နဲ့ ပုဇွန် နှံ့အောင်မွှေပေးပါ။ ၄-၆ မိနစ်လောက် တည်ပါ။ ဆားမြည်းြ့ပီး နံနံပင်အုပ်ပါ။ လိုသလို သုံးဆောင်နိုင်ပါသည်