ပါဝင်ပစ္စည်းများ

  • ပုစွန်ထုပ် – ၂၀ ကျပ်သား
  • ကြက်သွန်နီ – ၁ လုံး
  • ကြက်သွန်ဖြူ – ၇ မွှာ
  • မကျည်းရည် – ၃ ဇွန်း
  • ကြက်ဥ – ၁ လုံး
  • မဆလာ – အနည်းငယ်
  • ရှမ်းနံနံ – ၄ ပင်
  • ကြက်သားမှုန့် – အနည်းငယ်
  • ငံပြာရည်
  • ငရုတ်ကောင်း
  • ငရုတ်ပုထောင်း

ပြုလုပ်နည်း

ပုစွန်ကို ရေစင်စင် ပွတ်ဆေးပြီး ကျောထိပ်ကို ဓားနှင့်ခွဲ၍ ဂျီး ကြောင်းထုတ်ပါ။ ခေါင်းကိုညှပ်၍ သွားထုတ်ပြီး ရေဆေးကာ ရေစစ်ထားပါ။ ပုစွန်ကို နနွင်း ဆား ငံပြာရည် နှင့်နယ်ထားပါ။

ကြက်သွန်နီပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ငရုတ်ပွကို ထောင်းထားပါ။ ကြက်ဥကို ခလောက်ထားပါ။ ဆီ ၃ဇွန်း၊ ကြက်သွန်ဖြူ နီ၊ နနွင်း၊ ငရုတ်ပုထောင်း နှင့် ဆီသတ်ပါ။

အရောင် ရဲလာလျှင် မဆလာထည့် မွှေပါ။ ရေထည့်၍ အနှစ်ကျအောင်လုပ်ပါ။ အနှစ်ရလျှင် ပုစွန်ထည့်ပါ။၂မိနစ်ခန့် ကြာလျှင် ရေအနည်းငယ် ထည့်၍တည်ပါ။

ဆူလာလျှင် မကျည်းရည် ထည့်ပါ။ ၂မိနစ် ခန့်ကြာလျှင် ခလောက် ထားသော ကြက်ဥ ၂ ဇွန်းခန့်ထည့်မွှေပါ။ ချကာနီးလျှင် ငရုတ်ကောင်း ရှမ်းနံနံအုပ်၍ မွှေကာ သုံးဆောင်ရျ် ရပါပြီ။

MyFood Myanmar