ဆိုင်မှာသွားဝယ်စရာမလိုဘဲ အိမ်မှာပဲ အရသာရှိတဲ့ ပူတင်းလေးကို လုပ်စားကြမယ်။
ပါဝင်ပစ္စည်းများ
နွားနို့ – တစ်လီတာ
ကြက်ဥ – ဆယ်လုးံ
သကြား – ရှစ်ဇွန်း
နို့ဆီ – နှစ်ဇွန်း
ဂျုံ – နှစ်ဇွန်း
ပြုလုပ်နည်း
နွားနို့ အရင် ကျိုပါ။ ကြက်ဥနဲ့ တခြား ပစ္စည်းးများ မွှေစက် နဲ့ ရောမွှေပါ။ အရောင်ပြောင်းသည်ထိ ဖြေးဖြေးမွှေပါ။
ပြီးလျှင် နွားနိုနှင့် ရောပြီး တခါပြန်ပြီး နဲနဲချင်း ဆီပြန်မွှေပါ။ ပြီးလျှင် ခွက်လေးတွေထဲထည့်ပါ။
Ovenထဲက ဗန်းထဲ ရေထည့်ပြီး ပူတင်းခွက်များထည့်ပါ။ အောက်မီး 200°နဲ့40မိနစ်ထားပါ။
ကျက်လျှင် အပေါ်မီး 5 မိနစ်ပေးပါ။ ဒါဆို အအေးခံထားပြီး သုးံဆောင်လို့ရပါပြီ။
Credit: Daw Suu Suu