ဖရုံသီးပေါက်စီ – ၈ လုံး
I. ပါဝင်ပစ္စည်းများ
- ဖရုံသီး – 840 g (၅၄ ကျပ်ခွဲသား)ေ
- ရေ (ထမင်းစားဇွန်း ၁ ဇွန်း)
ပြလုပ်နည်း – ပထမဆင့်
- အခွံခွါပြီး လက်မ အရွယ်ခန့် လှီးထားသော ဖရုံသီး – 840 g (၅၄ ကျပ်ခွဲသား) ပျော့သွားစေရန် ရေ (ထမင်းစားဇွန်း ၁ ဇွန်း) ထည့် အဖုံးဖုံးကာ Microwave ထဲ ၉ မိနစ်ခန့် ချက်ပါ။
(အချိန်အတိုးအလျှော့ ရှိနိူင်ပြီး အကျက်ညီစေရန် ၃ မိနစ်ခန့်ကြာတိုင်း အထက်အောက်လှန်ကာ မွှေပေးပါ။) - ပျော့သွားပါက ဇကာဖြင့် အရည်များစစ်ပစ်ပြီး ကြေသွားအောင် ချေပေးပါ။
- ချေထားသော ဖရုံသီး 2 1/2 Cups ခန့်ရပါတယ်။
II. ဌာပနာ ဖရုံသီးယိုတွင် ပါဝင်ပစ္စည်းများ
- ချေထားသော ဖရုံသီး – 2 Cups (500 ml)ခန့်
- ကော်မှုန့်(Potato Starch့) – ထမင်းစားဇွန်း ၂ ဇွန်း (30 ml)
- သကြား – ထမင်းစားဇွန်း ၂ ဇွန်း (30 ml)
- ထောပတ် – ထမင်းစားဇွန်း ၁ ဇွန်း (15 ml)
ပြလုပ်နည်း – ဒုတိယဆင့်
- အားလုံးကို နှံ့သွားအောင် ရောနယ်ပြီး Microwave ထဲ အဖုံးမဖုံးပဲ ထည့်ကာ ပြစ်ခဲသွားစေရန် ၆ မိနစ်ခန့် ထည့်ပြီး ချက်ပါ။ (အချိန်အတိုးအလျှော့ ရှိနိူင်ပြီး အကျက်ညီစေရန် ၂ မိနစ်ခန့်ကြာတိုင်း အထက်အောက်လှန်ကာ မွှေပေးပါ။)
- ပြစ်ခဲသွားလျှင် ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်စီ ခပ်ပြီး ဆီသုတ်ထားသော ပန်းကန်ပြားထဲ ထည့်ကာ အအေးခံထားပါ။
III. အပြင်သား (Dough) တွင်ပါဝင်ပစ္စည်းများ
- ဂျုံမှုန့် (Plain Flour, All Purpose Flour) – 1 1/3 Cups (330 ml)
- သကြား – ထမင်းစားဇွန်း ၂ ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံခန့်
- Dry Yeast – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (5 ml)
- ဆီ – ထမင်းစားဇွန်း ၁ ဇွန်း (15 ml)
- ချေထားသော ဖရုံသီး – 1/2 Cup (125 ml)
ပြလုပ်နည်း – တတိယဆင့်
-
- ဂျုံမှုန့်၊ သကြား၊ ဆား၊ Dry Yeast နှင့် ဆီ ထည့်ထားသော ဇလုံထဲ ချေထားသော ဖရုံသီး (အရမ်းမပူ မအေးပဲ ခပ်နွေးနွေး ဖြစ်နေရပါမယ်) ထည့်ပြီး ဇွန်းဖြင့် ၁ မိနစ်ခန့်ရောမွှေပေးပါ။
- ဆီသုတ်ထားသော လက်ချောင်းများဖြင့် Doughသား နူးညံ့အောင် နယ်ပေးပါ။
- ဖိပေးပါ။ (အရမ်းကပ်သောကြောင့် လက်ဝါးတစ်ခုလုံးဖြင့် ဖိမနယ်ပဲ လက်ချောင်းများဖြင့်သာ နယ်ခြင်း၊ ဖိခြင်းလုပ်ပေးပါ ကပ်နေသည် များ ကို ဇွန်းဖြင့်ခြစ်ချပြီး ဆက်နယ်၊ ဆက်ဖိပေးပါ။)
- ၁၅ မိနစ်ခန့် ဖိနယ်ပြီး Dough သားနူးညံ့ သွားလျှင် လုံးလုံးလေးဖြစ်အောင်လုပ်၍ ဆီအနည်းငယ် သုတ်ကာ ပန်းကန် (သို့) Glad Wrap ဖြင့် ဖုံး၍ ပွလာအောင် နွေးသောနေရာတွင် ၁ နာရီခန့် ထားပါ။
(နွေးသောနေရာထားခြင်းဆိုသည်မှာ Dough ထည့်ထားသည့်ဇလုံကို ရေနွေးထည့်ထား (ရေပူမဟုတ်)သော နောက်ထပ် ဇလုံကြီးကြီးထဲ ထည့်ထားခြင်း (သို့) အငွေ့မထွက်လွယ်သော Microwave ထဲ ရေပူထည့်ထားသော ခွက်နှင့် အတူတွဲထည့်၍ တံခါးပိတ်ထားခြင်းများကို ဆိုလိုပါတယ်။)
- ပွလာပြီးနောက် ဂျုံမှုန့်ဖြူးထားသော ပြင်ညီပေါ်တင်၍ ၁ မိနစ်ခန့် ပြန်ဖိနယ်ကာ ပေါက်စီ ၈ လုံးစာအတွက် ၈ ပိုင်းခွဲပြီး လှီးပါ။
- ပြီးနောက် အလုံးလေးများဖြစ်အောင် လုံးပေးပါ။
- ညီညာသောမျက်နှာပြင်ရစေရန် ဦးစွာ လက်ဖြင့် ၁၀ ချက်ခန့် ဖိဆုပ်နယ်ပြီးမှ လုံးပေးပါ။
- အချင်း ၃ လက်မခွဲခန့် အဝိုင်းပြားလေးရအောင် လက်ဖြင့် ဖိပြားပေးပါ။
- ပာပြီးလျှင် အအေးခံထားသော ဌာပနာ ထည့်၍ လုံအောင်ဖုံးကာ ပြန်လုံးပါ။
- သွားကြားထိုးတံဖြင့် အရာလေးများပေါ်လာအောင် သေသေချာချာဖိပေးပါ။
- ဖရုံသီးပုံ ရလျှင် ထိပ်ဖက်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးထိပ်ဖြင့် ဖိပေးပါ။
- ပေါင်းအိုးထဲရှိ Paper Towel (သို့) Baking Liner ပေါ်ထားပါ။ (ပေါင်းလိုက်လျှင် ပွလာမည်ဖြစ်၍ တစ်လုံးနှင့်တစ်လုံး ကပ်ပြီးမထည့်ရပါ။။)
- ပြီးနောက် အဖုံးဖုံးကာ ပွလာအောင် မိနစ် ၃၀ ခန့် ထပ်ထားပြီးလျှင်…
- ပွက်ပွက်ဆူနေသော ရေပူအိုးပေါ်တင်၍ Over Medium Heat ဖြင့် ၁၀ မိနစ်ခန့် ပေါင်းပေးပါ။ (ပေါက်စီများပေါ် အငွေ့ပြန်သည့် အရည်များ မကျအောင် အဖုံးကို သန့်ပြန့်သော လက်သုတ်ပဝါဖြင့် ပတ်ထားပေးပါ။)
- ချစ်စရာ ဖရုံသီးပေါက်စီပူပူလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
- ပေါင်းပြီးနောက် ပိုမိုလှပစေလိုပါက အချိုင့်လေးပေါ် လက်ဆစ်တစ်ဝက်ခန့် လှီးထားသော ဖရုံသီးခွံလေးများ ဖိစိုက်ပေးပါ။
မှတ်ချက်
- ဖရုံသီးပုံမလုပ်ပဲ ရိုးရိုးပေါက်စီပုံစံ လုပ်လိုပါက လက်ဖြင့် ဖိပြားသည်ထက် Rolling Pan (သို့) ပုလင်းကိုသုံး၍ အဝိုင်းပြားလေး ရအောင်လုပ်လျှင် ပိုမိုညီညာသော မျက်နှာပြင် ရစေပါတယ်။
- Microwave မသုံးပါက ဖရုံသီးကို ရေနွေးငွေ့ဖြင့် ပေါင်းပေးနိုင် ပါတယ်။
- ဖရုံသီးယို လုပ်ရာတွင် မကပ်နိူင်သော ဒယ်အိုးထဲထည့်ပြီး Medium Heat ဖြင့် ပြစ်လာသည် အထိ မွှေပေးပါ။
Credit: Chaw Su’s Food Friends