ဖယုံသီးယို အစာသွပ် မုန့်လုံး (Pumpkin Jam Stuffed Dumplings) မုန့်လုံးရေပေါ်ကို စားနေကျ အရသာနဲ့မတူ တစ်မျိုးထူးကဲထားတဲ့ နည်းလမ်းလေးကို တစ်ပျော်တစ်ပါး လုံးစားကြည့်လို့ ရအောင်ရှယ်ပေးထားပါတယ်။
ပါဝင်ပစ္စည်းများ
(အလုံး ၂၀ လုံး နှုန်း)
အုပ်စု (က)
- ကောက်ညှင်းဆန်မှုန့် – ၁ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
- ဆန်ကြမ်းမှုန့် – ၁ ဇွန်း (လက်ဖက်ဇွန်း)
- ရေ – ၁ ခွက် (အတိုးအလျော့လုပ်ပေးပါ)
အုပ်စု (ခ)
- ရွှေဖယုံသီး – တစိတ် (အခွံခွာပြီး အတုံးလေးတွေထုံးထားပါ)
- ဆီ – ၁ ဇွန်း (လက်ဖက်ဇွန်း)
- သကြား – ၁ ဇွန်း ခွဲ (စားပွဲဇွန်း)
- ဆား – အနည်းငယ်
- ချင်း – အနည်းငယ် (ခတ်ပါးပါး တစ်ဖတ်ဆိုရပါတယ်)
အုပ်စု (ဂ)
- နှမ်းအနက် – တစ်ဝက် ခွက် (လှော်ပြီးသား၊ မုန့်လုပ်ရန်တိုင်းသောခွက်)
ပြုလုပ်နည်း
ခြောက်သွေ့သော ဖန်ပန်းကန်လုံး အကြီးထဲကို အုပ်စု (က) ပစ္စည်းများအားလုံး ထည့်နယ်ပါ။ စေးပြီး မုန့်အနှစ်များ လက်မှာမကပ်လျှင် ရပါပြီ။
အုပ်စု(ခ)မှပါဝင်သော ပစ္စည်းများကို မကပ်သော အိုးအသေးထဲထည့်ပြီး ရေအနည်းငယ်ဖြင့် တည်ပါ။
ရွှေဖယုံသီး နှူးအိပြီး ဇွန်းနှင့် ခြေလို့ရသည် အထိတည်ပါ။ အအေးခံထားပါ။
လက်ကို ဆီ အနည်းသုပ်ပါ ။ မုန့် နှစ်များကို လိုသလို အနေတော် အလုံးလေးတွေလုံးပါ။ အထဲမှာ ရွှေဖယုံသီး အနှစ်ယိုကို ဇွန်းအသေးလေးဖြင့် အနေတော် အစာသွပ်ပြီး လုံအောင်အုပ်ပြီး လုံးနေအောင်လုံးပါ။
ရလာသော မုန့်လုံးကို နှမ်းအနက်များ ဖျန့်ထည့်ထားတဲ့ ဗန်းထဲထည့်ပြီး မုန့်လုံး တစ်လုံးလုံး နှံ့အောင် လှိမ့်ပေးပါ။
စောက်နက် အိုးကြီးကြီးထဲကို ရေဆူအောင် တည်ပါ။ ရေဆူလာလျှင် လုံးထားသော အလုံးများ ထည့်ပါ။ အိုးထဲ အများကြီး မထည့်ပါနဲ့ အိုးကျပ်သွားလျှင် မကျက်တာမျိုး ဖြစ်သလို ဆယ်ရတာလဲ ခက်ပါတယ်။
ဇလုံအကြီးထဲမှာ ရေခဲရေ ထည့်ထားပါ။ ကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးရေပေါ်များကို ရေခဲရေထဲ ဆယ်ထည့်ပါ။
မုန့်လုံးများကို ရေစစ်သံဇကာဖြင့် ရေစစ်ပြီး အအေးခံထားပါ။ ပြီးလျှင် သုံးဆောင်ရန် ပန်းကန်ထဲထည့်ပြီး အုန်းသီးကြိုက်လျှင် အုန်းသီးခြစ်မှုန့်များ ဖြူးပြီး အတူ သုံးဆောင်နိုင်ပါတယ်။