ဒိန်ချဉ်ဖျော်ရည်လို့ ပြောလိုက်တာနဲ့ ထန်းလျက်ရည်နဲ့ ဖျော်ထားတာ (သို့) သကြား (သို့) ပျားရည်နဲ့ ဖျော်ထားတဲ့ ဒိန်ချဉ်ကိုပဲ မျက်စိထဲ ပြေးမြင်မိကြပါလိမ့်မယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ အရသာအသစ်အဆန်းလေးလည်း ဖြစ်သွားအောင် တစ်မူထူးခြားသွားအောင်လို့ ရွှေဖရုံသီးနဲ့ ဖျော်ထားတဲ့ ဒိန်ချဉ် Smoothie ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး လေးစိပ် တစ်စိပ်
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပျားရည် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရွှေဖရုံသီးများကို အခွံခွာပြီးနောက် အတုံးခပ်သေးသေး တုံးထားပါ။

၂။ ဒန်အိုးထဲ ရေထည့်ပြီးနောက် ရွှေဖရုံသီးများ ထည့်ကာ ၁၅ မိနစ်ခန့် ပြုတ်ပါ။

၃။ ရွှေဖရုံသီးများ နူးအိသွားပြီဆိုရင်တော့ ဆယ်ယူလိုက်လို့ရပါပြီ။ ထို့နောက် အအေးခံထားပါ။

၄။ အေးသွားတဲ့ရွှေဖရုံသီးများကို ခက်ရင်းဖြင့် အနှစ်များရအောင် ချေမွလိုက်ပါ။ ဒါမှမဟုတ် သစ်သီးဖျော်စက်ထဲထည့်ကာ အနှစ်များရသည်အထိ ဖျော်ပေးလိုက်လို့ရပါတယ်။ ထို့နောက် ရွှေဖရုံသီးအနှစ်များကို ဖန်ခွက်ထဲ ထည့်ပါ။ ရေခဲသေတ္တာထဲ တစ်နာရီခန့်ထည့်ကာ အအေးခံပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ရွှေဖရုံသီးအနှစ်များကို ဒိန်ချဉ်၊ သစ်ကြမ်းပိုးခေါက်အမှုန့်၊ ပျားရည်အနည်းငယ်တို့နဲ့အတူ သစ်သီးဖျော်စက်ထဲထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

အရသာ မြည်းကြည့်ပြီးနောက်မှာ လိုအပ်ပါက ပျားရည်အနည်းငယ် ထပ်ထည့်ပြီး ထပ်မွှေပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ရွှေဖရုံသီး ဒိန်ချဉ် Smoothie တစ်ခွက် ရရှိသွားပါပြီ။

Source: Kirbiecravings.com