ပါဝင်ပစ္စည်းများ
- ပဲကြာဆံ
- ထမင်း
- ခါ့ကြက်ဥ
- ဂေါ်ဖီ
- အာလူး
- မှိုခြောက်
- ပဲပင်ပေါက်
- ပုစွန်ခြောက်ထောင်း
- ပဲမှုန့်
- ငရုတ်သီးမှုန့်
- ဆီကျက်
- ငရုတ်ကျက်မှုန့်
- မကျည်းရည်
- ငံပြာရည်
- Dashi ငါးမှုန့်
- ကြက်သွန်ဖြူ
- တို့ဟူးခြောက်ကြော်
ပြင်ဆင်ပြုလုပ်နည်း
- အာလူးကို ပြုတ်ပြိး အခွံနွှာ ပါးပါးလှီးထားပါ ။ ပဲကြာဇံ အနည်းငယ်ကို ၁၅ မိနစ်ခန့် ရေစိမ်ထားပိ ဆူနေသော ရေနွေထဲသို့ ခဏကြာထည့်ပြုတ်ပြီး ဆယ်ယူထားပါ ။ ထမင်း ၊ ပဲကြာဆံ ၊ ခါ့ကြက်ဥ ၊ ဂေါ်ဖီ ၊ အာလူး ၊ မှိုခြောက် ၊ ပဲပင်ပေါက် နှင့် ပါဝင်ပစ္စည်းများ အားလုံး နှံ့အောင် ရောနယ်ပြီး အချို ၊ အငန်၊ အစပ် ကိုယ်ကြိုက်သလို ပြင်ဆင်၍ စားသုံးနိုင်ပါသည် ။
ကြက်သွန်ဖြူနှင့် တို့ဟူးခြောက်ကြော်လေးနဲ့တွဲပြီး ဂေါ်ဖီဟင်းခါးလေးနဲ့ဆို အရသာရှိသော ထမင်းသုပ်လေး ရပါပြီ ။
Credit: Shwe Moe Tain