အားလုံးပဲ မင်္ဂလာပါ။ ကိတ်မုန့်ချစ်သူများအတွက် ဒီတစ်ခါမှာဝေမျှပေးချင်တဲ့ ကိတ်လေးကတော့ ထောပတ်ကိတ် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၂၅ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ထောပတ် ၁၂၅ ဂရမ်
  • သကြား ၂၀၀ ဂရမ်
  • နွားနို့ စားပွဲတင်ဇွန်း ၁၂ ဇွန်း

  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကိတ်မုန့်ဖုတ်မယ့် အိုးကို အရင်ဦးဆုံး ဆီ သုတ်လိမ်းထားလိုက်ပါ။

ထို့နောက် Oven ကို ၃၆၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၂။ ထောပတ်၊ သကြားနှင့် နွားနို့တို့ကို ဒယ်အိုးထဲ ထည့်ပြီးနောက် သကြားနှင့် ထောပတ်များ ပျော်ဝင်သွားသည်အထိ ပွက်ပွက်ဆူလာအောင် အပူပေးထားလိုက်ပါ။

ထို့နောက် မီးဖိုပေါ်က ချပြီး ၁၀ မိနစ်ခန့် အအေးခံထားလိုက်ပါ။

၃။ အေးသွားပြီဆိုရင်တော့ ကြက်ဥနှင့် ဗနီလာထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ဂျုံမှုန့်တစ်ဝက်ထည့်ကာ သမအောင် နယ်ပါ။ ပြီးမှ ကျန်တဲ့ ဂျုံမှုန့်တစ်ဝက် ထပ်ထည့်ကာ ထပ်နယ်ပေးရပါမယ်။

၄။ ရရှိလာတဲ့ ထောပတ်ဂျုံမှုန့်နှစ်ကို ကိတ်မုန့်ဖုတ်မယ့်အိုးထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် Oven ထဲထည့်ကာ ၄၅ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ထောပတ်ကိတ်လေး ရရှိသွားပါပြီ။

Source: Myfavouritepastime.com