အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ အိမ်လုပ်ချောကလက်ကိတ်ပြုလုပ်နည်းကို ကိတ်မုန့်ချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ပန်းကန်လုံးသေး ၁ လုံးခွဲ (၁၉၂ ဂရမ်)
  • သကြား ပန်းကန်လုံးအသေး ၁ လုံးစာ (စားပွဲတင်ဇွန်း ၁၆ ဇွန်း)
  • ကိုကိုးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ရေအေး စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၆ ဇွန်း
  • သံပုယိုရည် (သို့) ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးလိုက်ပါ။ ကိတ်မုန့်ဖုတ်မယ့်အိုးကို ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ ဆန်ခါ ခံထားပြီး ထိုဆန်ခါမှတဆင့် ဂျုံမှုန့်၊ သကြား၊ ကိုကိုးမှုန့်၊ မုန့်ဖုတ်ဆိုဒါနှင့် ဆားတို့ကို စစ်ထည့်ပေးလိုက်ပါ။ ထို့နောက် သမအောင် မွှေလိုက်ပါ။

၃။ ချင်တွယ်ဖန်ခွက်ထဲတွင်တော့ ရေအေး၊ ဆီ၊ သံပုယိုရည် (သို့) ရှာလကာရည်၊ ဗနီဠာတို့ထည့်ကာ သမအောင်ရောမွှေလိုက်ပါ။

၄။ ရရှိလာတဲ့အရည်အရောအနှောကို ဂျုံမှုန့်ပန်းကန်လုံးထဲသို့ ထည့်ကာ အခဲအဖတ်များ မရှိတော့သည်အထိ သမအောင် ရောမွှေလိုက်ပါ။

၅။ ရရှိလာတဲ့ ဂျုံမှုန့်နှစ်များကို ကိတ်မုန့်ဖုတ်မယ့်အိုးထဲသို့ လောင်းထည့်ကာ မျက်နှာပြင်ညီညာအောင် ညှိလိုက်ပါ။ ထို့နောက် Oven ထဲထည့်ကာ မိနစ် ၃၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက ကိတ်မုန့်ထဲသို့ သွားကြားထိုးတံဖြင့် ထိုးကြည့်လိုက်ပါ။ ထိုသွားကြားထိုးတံက ပေကျံနေခြင်းမရှိဘူးဆိုရင်တော့ သင့်ရဲ့ကိတ်မုန့်လေးက စားသုံးရန်အသင့်အနေအထားဖြစ်သွားပါပြီ။

ဒါဆိုရင်တော့ ကိတ်မုန့်အိုးထဲက ဖယ်ထုတ်ကာ ချောကလက်အရည်များဖြင့် အလှဆင်ခြင်း (သို့) ချောကလက်အမှုန်အခဲလေးများဖြင့် အလှဆင်ခြင်း (သို့) သစ်သီးများဖြင့် အလှဆင်ခြင်း စသည်ဖြင့် မိမိစိတ်ကြိုက်အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Jennycancook.com