အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ငါးဟင်းကြိုက်နှစ်သက်သူတွေအတွက် အုန်းနို့ထည့်ချက်ထားတဲ့ ငါးဟင်း ချက်ပြုတ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါး ၅၀၀ ဂရမ်
  • ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
  • နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၅ ဇွန်း
  • အုန်းနို့ ၅၀၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃၃ ဇွန်း)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၅ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ထို့နောက် ကြက်သွန်နီထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ဆီသတ်ပါ။

၂။ ထို့နောက် ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပါ။

၃။ နနွင်းမှုန့်နှင့် အုန်းနို့တို့ထည့်ကာ အရသာ မြည်းစမ်းကြည့်လိုက်ပါ။

၄။ ထို့နောက် မီးကို အနိမ့်ဆုံးအပူချိန်သို့ လျော့ချပါ။ ဆားနှင့် ငါးတို့ထည့်ကာ ငါးများ နူးအိသွားသည်အထိ ချက်ပါ။

၅။ ငါး ကျက်သွားပြီဆိုရင်တော့ ခရမ်းချဉ်သီးနှင့် နံနံပင်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အုန်းနို့ ငါးဟင်းလေး ရရှိသွားပါပြီ။

Source: Stayathomemum.com.au