ခေါက်ဆွဲပြုတ် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကင်ချီ ခေါက်ဆွဲပြုတ်စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • မှို ၅ ပွင့် (ပါးပါးလှီးထားပါ)
  • ကင်ချီ ပန်းကန်လုံးတစ်ဝက်စာ (ပါးပါးလှီးထားပါ)
  • ကင်ချီအရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် (သို့) ရေ ၆၂၅ မီလီလီတာ

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အသင့်စားခေါက်ဆွဲတစ်ထုပ်
  • ကြက်သွန်မြိတ် ၁ ပင် (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီး ဟင်းရွက်ဆီထည့်ပါ။ ဆီပူလာပါက မှိုထည့်ပြီး ၃ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၂။ ကင်ချီထည့်ပြီး နောက်ထပ် ၂ မိနစ်ခန့် ကြော်လိုက်ပါ။

၃။ ပြီးရင်တော့ ကင်ချီအရည်၊ ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် (သို့) ရေ၊ သကြား၊ ငရုတ်သီးမှုန့်နှင့် နှမ်းဆီတို့ထည့်ပြီး ၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၄။ ထိုအချိန်တွင် သင့်ရဲ့ခေါက်ဆွဲထုပ်ကို အညွှန်းအတိုင်း ပြုတ်ပေးလိုက်ပါ။ ခေါက်ဆွဲထုပ်မှာပါတဲ့ အမွှေးအကြိုင်ထုပ်နဲ့ အဆီထုပ်တွေကို ခေါက်ဆွဲထဲ ထည့်စရာမလိုပါဘူး။

၅။ ရရှိလာတဲ့ခေါက်ဆွဲပြုတ်ကို ပန်းကန်လုံးထဲထည့်ထားလိုက်ပါ။ ထိုပန်းကန်လုံးထဲသို့ စောစောပြုတ်ထားသော ဟင်းရည်များ လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကင်ချီခေါက်ဆွဲပြုတ်စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

စာဖတ်သူအနေနဲ့ ခေါက်ဆွဲပြုတ်ကို ပန်းကန်လုံးထဲ အရင်မထည့်ဘဲ ကင်ချီဟင်းရည်ထဲ ထည့်ပြီးမှ ပန်းကန်လုံးထဲ တိုက်ရိုက်ပြောင်းထည့်ချင်တယ်ဆိုလည်း ရပါတယ်။

ကြက်ဥပြုတ် (သို့) အမဲသား စတဲ့ အခြားသောတန်ဆာပလာအစားအစာတွေထည့်ပြီးလည်း စားသုံးနိုင်ပါသေးတယ်။

Source : Thewoksoflife.com