ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ ဝက်အူချောင်းတွေ မစားချင်ဘူး။ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကိုသာ စားသုံးချင်တယ်ဆိုသူတွေအတွက် ဝက်အူချောင်းပုံသဏ္ဍာန်နဲ့တူအောင် ပြုလုပ်ထားတဲ့ ဝက်သားချောင်းကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • Panko ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • စမုန်ဖြူ အခြောက် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် သံလွင်ဆီမှလွဲ၍ အခြားသော ပါဝင်ပစ္စည်းများအားလုံးကို ပေါင်းထည့်ထားပြီးနောက် သမအောင် နယ်လိုက်ပါ။

၂။ သမအောင် နယ်ပြီးတဲ့နောက်မှာ ဝက်အူချောင်းပုံသဏ္ဍာန် ရှည်ရှည် လုံးလုံးလေး လုံးပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်သားချောင်းများထည့်ကာ ၁၂ မိနစ်မှ ၁၅ မိနစ်အထိ ကြော်ပေးလိုက်ပါ။ ဝက်သားချောင်းများ ရွှေရောင်ပြောင်းသွားပါက ဒယ်အိုးထဲမှ ဆယ်ယူကာ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ ဝက်သားချောင်းကြော်များ ရရှိသွားပါပြီ။

မိမိကြိုက်နှစ်သက်ရာ အချဉ်ရည်ဖြင့် တွဲဖက်စားသုံးနိုင်သလို အာလူးထောင်း (သို့) အာလူးချောင်းကြော်များဖြင့် တွဲစားပါကလည်း အင်မတန်အရသာရှိပါတယ်။

Source: Jocooks.com