မင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားကို ဝိုင်ဖြူနဲ့ ဘယ်လိုချက်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ အသားလေးက နူးအိပြီး အရသာပိုရှိမှာမို့ အားလုံးပဲအကြိုက်တွေ့ကြမှာပါ။
ပါဝင်ပစ္စည်း
- ကြက်ပေါင် ၄ တုံး
- ကြက်သွန်နီ ၁ ဥ
- မုန်လာဥနီ အသေး ၃ ဥ မှ ၄ ဥအထိ
- ဝိုင်ဖြူ ခွက်အသေးတစ်ခွက်
- ဆား
- ငရုတ်ကောင်းမှုန့်
- သံလွင်ဆီ
- ဂျူံမှုန့် (သို့) ဆန်မှုန့်
အဆင့် ၁
အရင်ဆုံး ကြက်သွန်နီ၊ မုန်လာဥနီတို့ကို သေချာသန့်ရှင်းပြီး ခပ်ပါးပါးလေး လှီးလိုက်ပါ။
အဆင့် ၂
ဆီကိုအပူပေးပြီး ကြက်သွန်နီနဲ့ မုန်လာဥနီကို ထည့်ကြော်ပါ။
အဆင့် ၃
ကြက်ပေါင်သားကို ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ ဂျူံမှုန့် ဖြူးလိုက်ပြီး သေချာနယ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်လောက်ခဏထားထားပါ။
အဆင့် ၎
ကြက်သွန်နီ မုန်လာဥနီ ကြော်ထားတဲ့အထဲကို ကြက်သားထည့်လိုက်ပြီး ၂ မိနစ်လောက်မွှေလိုက်ပါ။ ဝိုင်ဖြူတစ်ခွက် ထည့်လိုက်ပြီး ၂ မိနစ်လောက် ထပ်မွှေပေးပါ။ အဲဒီနောက် ရေ တစ်ခွက် ခွဲ ထည့်လိုက်ပြီး တစ်နာရီလောက် အုပ်ထားလိုက်ပါ။
ဒါဆိုရင်တော့ ကြက်သားအနှစ်လေးလည်းရလာပြီး အရမ်းစားလို့ကောင်းမှာပါနော်။
Source: www.fabhow.com