မင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားကို ဝိုင်ဖြူနဲ့ ဘယ်လိုချက်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။ အသားလေးက နူးအိပြီး အရသာပိုရှိမှာမို့ အားလုံးပဲအကြိုက်တွေ့ကြမှာပါ။

ပါဝင်ပစ္စည်း

  • ကြက်ပေါင် ၄ တုံး
  • ကြက်သွန်နီ ၁ ဥ
  • မုန်လာဥနီ အသေး ၃ ဥ မှ ၄ ဥအထိ
  • ဝိုင်ဖြူ ခွက်အသေးတစ်ခွက်

  • ဆား
  • ငရုတ်ကောင်းမှုန့်
  • သံလွင်ဆီ
  • ဂျူံမှုန့် (သို့) ဆန်မှုန့်

အဆင့် ၁

အရင်ဆုံး ကြက်သွန်နီ၊ မုန်လာဥနီတို့ကို သေချာသန့်ရှင်းပြီး ခပ်ပါးပါးလေး လှီးလိုက်ပါ။

အဆင့် ၂

ဆီကိုအပူပေးပြီး ကြက်သွန်နီနဲ့ မုန်လာဥနီကို ထည့်ကြော်ပါ။

အဆင့် ၃

ကြက်ပေါင်သားကို ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ ဂျူံမှုန့် ဖြူးလိုက်ပြီး သေချာနယ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်လောက်ခဏထားထားပါ။

အဆင့် ၎

ကြက်သွန်နီ မုန်လာဥနီ ကြော်ထားတဲ့အထဲကို ကြက်သားထည့်လိုက်ပြီး ၂ မိနစ်လောက်မွှေလိုက်ပါ။ ဝိုင်ဖြူတစ်ခွက် ထည့်လိုက်ပြီး ၂ မိနစ်လောက် ထပ်မွှေပေးပါ။ အဲဒီနောက် ရေ တစ်ခွက် ခွဲ ထည့်လိုက်ပြီး တစ်နာရီလောက် အုပ်ထားလိုက်ပါ။

ကြက်သားကိုနူးအိပြီးအရသာပိုရှိအောင် ဝိုင်ဖြူနဲ့ ဘယ်လိုချက်မလဲ

ဒါဆိုရင်တော့ ကြက်သားအနှစ်လေးလည်းရလာပြီး အရမ်းစားလို့ကောင်းမှာပါနော်။

Source: www.fabhow.com