မင်္ဂလာပါနော်။ အားလပ်ရက်မှာမိသားစုတွေကို မိမိကျွမ်းကျင်တဲ့ အစားအစာတွေ ချက်ပြုတ်ကျွေးရင်း သူတို့ဆီက ချစ်ခြင်းမေတ္တာကို ပိုပြီးရယူလိုက်ပါ။

ပါဝင်ပစ္စည်း

  • ဆယ်လ်မွန်ငါး အနည်းငယ်
  • ပေါင်မုန့်ကြမ်းတစ်လုံး
  • Mayonnaise ခွက်တစ်ဝက်
  • သံပယိုရည် (သို့) သံပရာရည် စားပွဲတင်ဇွန်း တစ်ဝက်

  • သခွားသီး အသေး ၁ လုံး
  • ခရမ်းချဉ်သီး ၃ လုံး
  • ဆလတ်ရွက် ၃ ရွက်

ပြုလုပ်နည်း

အရင်ဆုံး ဆယ်လ်မွန်ငါးကို တောက်တောက်စဉ်းလိုက်ပါ။ တကယ်လို့ ဆယ်လ်မွန်ငါး ရှာရခက်ရင်လည်း ကြက်သား၊ ဒါမှမဟုတ် မိမိကြိုက်နှစ်သက်ရာအသားကို အစားထိုးလုပ်နိုင်ပါတယ်နော်။ ဆယ်လ်မွန်ငါးက အစိမ်းစားလို့ရပါတယ်နော်။ တခြားအသားဆိုရင်တော့ ပြုတ်တာပဲဖြစ်ဖြစ် တောက်တောက်စဉ်းပြီး ကြော်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

ပြီးရင်တော့ ခွက်တစ်လုံးထဲထည့်ပြီး Mayonnaise နဲ့ သံပရာရည်ထည့်ကာနယ်လိုက်ပါ။

ခရမ်းချဉ်သီးနဲ့ သခွားသီးကို ပါးပါးလှီးပါ။

ပေါင်မုန့်ကို ထက်ခြမ်းခြမ်းလိုက်ပြီး အပေါ်ကနေ စောစောက ဆယ်လ်မွန်ငါးနဲ့ ရောထားတာကို အပေါ်ကနေ သုတ်လိမ်းပေးလိုက်ပါ။

ပြီးရင်တော့ ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ သခွားသီး တွေကို တင်ပေးလိုက်ပါ။

ပြီးရင်ကျန်တဲ့ပေါင်မုန့် တစ်ခြမ်းကို အပေါ်ကနေ အုပ်ပေးလိုက်ပါ။

ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ ဆဲလ်မွန်ဆန်းဒဝှစ်လေး လုပ်စားရအောင်

အဲဒီနောက် အလယ်ကနေ ထက်ခြမ်းခြမ်းလိုက်ပြီး စားသုံးနိုင်ပါပြီနော်။

Source: FabHow