အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အချိုပွဲ သုံးဆောင်ရတာ ကြိုက်နှစ်သက်သူတွေအတွက် ပြုလုပ်ရလည်း လွယ်ကူသလို ပါဝင်ပစ္စည်း များများစားစား မလိုအပ်တဲ့ ချောကလက် ငှက်ပျောသီးပူတင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၁ လုံး
  • တို့ဖူး အပျော့ ပန်းကန်လုံး ၂ လုံးစာ
  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၅ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးကို အခွံခွာပြီး အတုံးခပ်သေးသေး တုံးထားပါ။

၂။ တို့ဖူးကိုလည်း အတုံးခပ်သေးသေး တုံးထားပေးရပါမယ်။

Source: Asweetpeachef.com

၃။ ထို့နောက် သစ်သီးဖျော်စက်ထဲသို့ ငှက်ပျောသီး ထည့်ပါ။ တို့ဖူး၊ ကိုးကိုးမှုန့်နှင့် သကြားတို့ထည့်ကာ အနှစ်များ ဖြစ်သွားသည်အထိ ဖျော်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ အနှစ်များကို ပန်းကန်လုံးအသေးထဲထည့်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၁ နာရီခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချောကလက် ငှက်ပျောသီးပူတင်းလေး ရရှိသွားပါပြီ။

ဒီ့ထက်ပို အရသာရှိရှိစားချင်တယ်ဆိုရင်တော့ စတော်ဘယ်ရီသီးနှင့် အခြားသစ်သီးများ ပါးပါးလှီးထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါတယ်။

Source: Thespruceeats.com