အရသာရှိပြီး လွယ်ကူရိုးရှင်းတဲ့ ပုစွန်ခေါက်ဆွဲပြုတ် စပ်စပ်လေးကို လုပ်ဖို့ ချက်ပြုတ်ချိန် အချိန် ၇ မိနစ်လောက်ပဲ လိုတာပါ။

ပါဝင်ပစ္စည်းများ

  • တရုတ်ခေါက်ဆွဲ ၁၇၀ ဂရမ်
  • ကြက်သား သို့မဟုတ် ဟင်းသီးဟင်းရွက် ၅၀၀ ဂရမ်
  • ငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • သံပုရာသီး ၁ လုံး

  • Star Anise ၁ ခု
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၃ ချောင်း
  • မုန်ညှင်းစိမ်း ၁ ထုပ်။ သေးသေးလှီးထားပါ။
  • ပုစွန် အကောင် ၂၀၊ ငရုတ်သီးမှုန့်

ပြုလုပ်နည်း

အိုးထဲကို ခေါက်ဆွဲထည့်ပြုတ်ပြီး ပျော့သွားရင် ဆယ်ထားပါ။

အဲ့ဒီအိုးထဲကိုဘဲ ကြက်သား၊ ငံပြာရည်၊ ပဲငံပြာရည်၊ သံပုရာသီးအရည်၊ Star Anise၊ သကြား၊ ကြက်သွန်မြိတ်၊ မုန်ညှင်စိမ်းတို့ကို ထည့်ပါ။

ပွက်ပွက်ဆူအောင်လုပ်ပြီးရင် ပုစွန်ထည့်ပြီး ပန်းရောင်ပြောင်းသွားအောင် စောင့်ပါ။ ပြီးရင် အိုးထဲကို ခေါက်ဆွဲထည့်ပါ။

ပူနေတဲ့အချိန်မှာဘဲ ပန်းကန်လုံးထဲထည့်ပြီး အပေါ်မှာ ငရုတ်သီးမှုန့်လေးဖြန်းကာ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

ဒီခေါက်ဆွဲမှာတော့ ကယ်လိုရီ ၃၁၂ လောက်ဘဲ ပါဝင်ပါတယ်။