ရေခဲမုန့်လုပ်စားပြီဆိုရင် ခဲနေအောင် ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၆ နာရီကြာအောင် ထည့်ထားရပါတယ်။ ဒီလိုအချိန်အကြာကြီး မစောင့်ချင်တဲ့သူတွေအတွက် လုပ်ရတာလွယ်ကူမြန်ဆန်ပြီး စောင့်စရာမလိုပဲ ချက်ချင်းစားလို့ရမယ့် စတော်ဘယ်ရီရေခဲမုန့်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

စတော်ဘယ်ရီ တစ်ပန်းကန်စာကိုယူပြီး အရွက်တွေဖယ်ထုတ်လိုက်ပါ။

စတော်ဘယ်ရီတွေကို ပိတ်လို့ရတဲ့ပလက်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အေးခဲသွားတဲ့အထိ ထည့်ထားလိုက်ပါ။

ရေခဲသေတ္တာထဲကထုတ်ရင် Blender ထဲထည့်ကြိတ်ပါ။

ရေခဲအမှုန်လေးတွေကို ပန်းကန်လုံးအသေး တစ်လုံးစာထည့်ပါ။ သံပုရာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းစာ ထည့်ပြီး ထပ်ကြိတ်ပါ။

နွားနို့ – ပန်းကန်လုံးအကြီးတစ်လုံးစာ ထည့်ပြီး ထပ်မွှေပေးပါ။

မွှေပြီးရင်တော့ ပန်းကန်လေးထဲထည့်ပြီး အပေါ်ကနေ စတော်ဘယ်ရီသီးလေးတွေတင်ကာ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ စတော်ဘယ်ရီရေခဲမုန့်လုပ်နည်းလေး ပြီးသွားပါပြီ။ ရာသီဥတုပူတဲ့အချိန်မှာ လွယ်လွယ်ကူကူနဲ့ အမြန်လုပ်စားလို့ရတဲ့ ရေခဲမုန့်လုပ်နည်းပါပဲ။

Source: www. mosogourmet