ဟင်းလျာများကို တွဲစပ်ချက်ပြုတ်ရတာ ဝါသနာပါသူများအတွက် ဒီတစ်ခါမှာတော့ ဝက်သားနဲ့ ပဲပြားကို ရောချက်ပြီးနောက် အရသာရှိတဲ့ ဟင်းလျာတစ်ခွက် ဖန်တီး ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဝက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲပြား ၁ ပေါင်ခန့် (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇါန်း ၁ ဇွန်း
  • ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားထည့်ပြီး ၅ မိနစ်၊ ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၂။ ဝက်သားက သေချာကျက်သွားပြီဆိုရင်တော့ ကြက်သွန်ဖြူနှင့် ဂျင်းထည့်ပြီး တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ပဲငံပြာရည်ထည့်ပြီး စက္ကန့် ၃၀ ခန့်ကြော်ပေးလိုက်ပါ။ ပဲပြား၊ ငရုတ်သီးဆော့စ်၊ ပဲပိစပ်အနှစ်တို့ထည့်ပြီး ၃ မိနစ်ခန့် အဆက်မပြတ် မွှေကြော်ပေးလိုက်ပါ။

၄။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးပိတ်လိုက်လို့ရပါပြီ။ နှမ်းဆီ၊ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ ထည့်ကာ မီးအပူရှိန်ဖြင့် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားစဉ်းကော ပဲပြားကြော် ဟင်းလျာလေး ရရှိသွားပါပြီ။ ထမင်းနဲ့ အတူတူအရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Fifteenspatulas.com