အားလုံးပဲ မင်္ဂလာပါ။ သစ်သီးယိုများကို လတ်လတ်ဆတ်ဆတ် စားချင်သူများနဲ့ မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ထိုးစားချင်သူများအတွက် ပါဝင်ပစ္စည်း (၃) မျိုးတည်းနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ စတော်ဘယ်ရီ သစ်သီးယို ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး ၁ ပေါင်ခန့်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • လိမ္မော်ဖျော်ရည် (သို့) ရေ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီသီးများကို ရေဆေးသန့်စင်ပြီးတဲ့နောက်မှာ ခြောက်အောင် သုတ်ပေးလိုက်ပါ။ ထို့နောက် အစိမ်းရောင် ပွင့်ဖတ်များကို ဖယ်ရှားပြီးနောက် စတော်ဘယ်ရီတစ်လုံးစီကို လေးစိတ် (သို့) နှစ်စိတ် စိတ်ထားပါ။

၂။ ထိုစတော်ဘယ်ရီသီးများကို ဒယ်အိုးထဲထည့်ပြီးနောက် သကြား၊ လိမ္မော်ရည် (သို့) ရေ တို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ စတော်ဘယ်ရီသီးများ ပျော့သွားပြီး အရည်များ ပျစ်သွားတဲ့အခါမှာတော့ မီးအပူချိန်ကို လျော့ပေးလိုက်လို့ရပါပြီ။ စုစုပေါင်းကြာချိန် ၅ မိနစ်မှ ၁၀ မိနစ်အတွင်း ကြာမြင့်နိုင်ပါတယ်။

၃။ ထို့နောက် အရသာ အချိုအချဉ် မြည်းစမ်းကြည့်ပါ။ လိုအပ်ပါက သကြား (သို့) ရေ အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ စတော်ဘယ်ရီ သစ်သီးယိုလေး ရရှိသွားပါပြီ။ အအေးခံပြီးတဲ့နောက်မှာ သန့်စင်ခြောက်သွေ့တဲ့ ဖန်ပုလင်းထဲ ထည့်ပြီးနောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။

ဒါဆိုရင်တော့ ထိုစတော်ဘယ်ရီယိုလေးက ၂ ပတ်တိတိ အထားခံပါလိမ့်မယ်။

Source: Thespruceeats.com