ပူစပ်စပ် နဲ့ ရှုးရှဲ ပူပူလောင်လောင် စားမှကောင်းသော ရခိုင်မုန့်တီကို စည့် ကတော့စည့်တို့ ဓလေ့ဖြင့် ချက်သောနည်းလေးကို ပြန်လည်မျှဝေပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးခူ ၃၀ ကျပ်သား (အနေတော် တုံးထားပါ)
- နနွင်းမှုန့် လေးပုံ တစ်ပုံ လက်ဖက်ဇွန်း
- ရေ ၁.၅ -၂ လီတာ
- ကြက်သွန်ဖြူ ၈ တက် (အခွံခွာပြီး ကျေရုံထုထားပါ)
- ငရုတ်ကောင်းနက်စေ့ ၁ ဇွန်း လက်ဖက်ဇွန်း (ကျေရုံထောင်းထားပါ)
- ငပိစိမ်းစား ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
- ဆား လိုသလောက်
- ငံပြာရည် ၂ – ၃ ဇွန်း လက်ဖက်ဇွန်း င
- ငရုတ်သီးစိမ်း ၂၅ တောင့်
- ထည့်စားရန် ပါဝင်ပစ္စည်းများ
- မုန့်ဖတ် ၁ ပိသာ (သုံးဆောင်လိုသလောက်)
- နံနံပင် ၁ စီး (အနေတော်လှီးထားပါ)
- ပဲသီးရှည် ၁ စီး (ခတ်ပါးပါး လှီးထားပါ)
- ပဲကပ်ကြော် ၁၀ ခု (နည်းနည်းချေထားပါ)
- မန်းကျီးရည် (သို့) သံပုရာသီး လိုသလောက် – ၂ လုံး (အစိတ်လေးတွေ လှီးထားပါ)
ပြုလုပ်နည်း
- စောက်နက်အိုးထဲ ငါး နှင့် ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ဆူအောင်တည်ပါ။ မီးရှော့ပြီး ငါးတုံးများ ဆယ်ပြီး အနည်းငယ် အအေးခံထားပါ၊ အေးလျင် ငါးအရိုးနွင်ပါ။ ငါးအသားများ ငါးပြုတ်ရည်ထဲပြန်ထည့်ပါ။ မီးအနေတော်ထားပြီး အရေဆူအောင်တည်ပါ။ ရေပွတ်ပွတ်ဆူလျင် မီးမျင်မျင်လေး ဖြင့် ဆားမြည်းပါ၊ လိုတာထပ်ဖြည့်ပါ။ ရေလိုလျင်ထပ်ဖြည့်နိုင်ပါသည်။
- သုံးဆောင်ရန် ပုကန်လုံးထဲ မုန့်ဖတ်လိုသလောက်ထည့်ပါ။ ပြီးလျင် ကိုယ့်စိတ်ကြိုက် အကြော်၊ နံနံ၊ မန်းကျီးရည် (သို့) သံပုရာရည်၊ ပဲသီး နှင့် ငရုတ်သီးတောင့်ကိုချေပြီး စပ်စပ်ပူပူလေး ချက်ချင်းသုံးဆောင်လျင် အရသာအမှန်ကို ရရှိခံစားနိုင်မှာပါ။
Credit: Syi Lwin Foods Garden