[Unicode]

Ramen ခေါက်ဆွဲဆိုရင် တော်တော်များများက အရည်နဲ့သောက်ကြတာများပါတယ်။ ဒါကြောင့် သူများထက်လည်း ပိုထူးခြားပြီး စားကောင်းသွားအောင် Ramen ခေါက်ဆွဲထုပ်တွေကို ဘယ်လိုသုပ်စားရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ပန်းကန်ထဲကို ကြက်ဥတစ်လုံး ဖောက်ထည့်လိုက်ပါ။ ကြက်ဥအနှစ် တစ်လုံးကိုလည်း ထပ်ထည့်ပေးပါ။ Parmesan လို့ခေါ်တဲ့ချိစ်တစ်မျိုးကိုလည်း ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာထည့်ပေးပါ။ ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး မွှေပေးပါ။

Bacon လို့ခေါ်တဲ့ ဝက်ပေါင်ခြောက်ပြား နှစ်ပြားလောက်ကို ကတ်ကြေးနဲ့ သေးသေးလေးတွေညှပ်ပြီး ဒယ်အိုးထဲထည့်ကြော်ပါ။

နောက်တစ်ဆင့်အနေနဲ့ Ramen ခေါက်ဆွဲကို ပြုတ်ပေးရပါမယ်။ ရလောက်ပြီဆိုရင် ခုနကဝက်ပေါင်ခြောက် ကြော်ထားတဲ့အိုးထဲကို ခေါက်ဆွဲပြုတ်အရည် အနည်းငယ်ထည့်ပြီး ခေါက်ဆွဲတွေဆယ်ထည့်ပါ။ ပြီးရင်တော့ ပထမဆုံးမွှေထားတဲ့ ကြက်ဥတွေကို ထည့်ပြီး သမအောင်နယ်လိုက်ပါ။

နောက်ဆုံးမှာတော့ ပန်းကန်ထဲထည့်ပြီး အသင့်စားသုံးနိုင်ပါပြီ။ တစ်ခါတစ်လေကျရင် ခေါက်ဆွဲပြုတ်တွေကို ပြုတ်သောက်ရတာထက်စာရင် ဒီလိုဆန်းဆန်းပြားပြားလေးလုပ်စားရတာက ပိုအရသာရှိစေပါတယ်။

Photo Source: www.tasty.com

[Zawgyi]





