အားလုံးပဲ မင်္ဂလာပါ။ ခေါက်ဆွဲပြုတ်နဲ့ တွဲစားလို့ ပဲငံပြာရည် ဆေးကြက်ဥပြုတ်ကို အရသာရှိအောင် ဘယ်လိုပြုတ်စားလို့ရမလဲဆိုတာကို MyFood Myanmar ရဲ့အစားအသောက်ချစ်သူတို့အတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၈ လုံး
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ဂျပန်ဆာကေးအရက် စားပွဲတင်ဇွန်း ၆ ဇွန်း (သို့) ဝိုင်ဖြူ စားပွဲတင်ဇွန်း ၆ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂၀ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ကြက်ဥများကို မကျက်တကျက် ပြုတ်ရပါမယ်။ ကြက်ဥ ၈ လုံးကို ဒန်အိုးထဲ ထည့်ကာ ရေ အနည်းငယ်ထည့်ပြီးနောက် ၆ မိနစ်၊ ၈ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

ပြုတ်ပြီးတာနဲ့ ချက်ချင်းပဲ ရေခဲရေထဲ ထည့်ကာ အအေးခံထားလိုက်ပါ။ ဒါမှ အခွံခွာရတာ လွယ်တကူမှာပါ။ အေးသွားပြီဆိုရင်တော့ အခွံခွာလို့ ရပါပြီ။

၂။ ပန်းကန်လုံး တစ်လုံးထဲတွင် ပဲငံပြာရည်၊ ဂျပန်ဆာကေးအရက် (သို့) ဝိုင်ဖြူနှင့် ရေတို့ ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထိုပဲငံပြာရည်အရောအနှောကို ဘူးတစ်ဘူးထဲ ထည့်လိုက်ပါ။

၃။ တစ်ဖန် ထိုဘူးထဲသို့ ကြက်ဥပြုတ်များ ထည့်ထားလိုက်ပါ။ ကြက်ဥပြုတ်များ အရည်ပေါ်တွင် ဘောလောမပေါ်စေဖို့ရန်အတွက် အဖုံးတစ်ခုခုဖြင့် ဖိထားလိုက်ပါ။

၄။ ထို့နောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄ နာရီမှ တစ်ညတာခန့် ထည့်သိပ်ထားလိုက်ပါ။ အချိန်ကြာကြာ သိပ်ထားနိုင်လေ အရသာပိုကောင်းလေးပါပဲ။

ဒါဆိုရင်တော့ ခေါက်ဆွဲပြုတ်နဲ့ တွဲဖက်စားသုံးနိုင်တဲ့ ဆေးကြက်ဥပြုတ်အငန်လေး ရရှိသွားပါပြီ။

Source: Kirbiecravings.com