Sandwich လုပ်ရမှာ အများအားဖြင့် ပါဝင်ပစ္စည်းတွေအများကြီးထည့်လေ့ရှိပါတယ်။ တခါတလေမှာ ကလေးတွေက အခုလိုပါဝင်ပစ္စည်းအများကြီးထည့်ထားတာကိုစားရတာ ငြီးငွေ့လာပါတယ်။ ကြက်ဥနဲ့ Sandwich လုပ်ကြည့်ရအောင်။
ပါဝင်ပစ္စည်း
ကြက်ဥ ၄ လုံး
ပေါင်မှုန့် ၈ ချပ် (မီးကင်ပြီး)
ချိစ် ၄ ပြား
ထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
Mayonnaise စားပွဲတင်ဇွန်း ၂ ဇွန်း
ခရမ်းချဉ်သီးဆော့လ် စားပွဲတင်ဇွန်း ၂ ဇွန်း
ဆား နဲ့ ငရုတ်ကောင်းမှုန့်
ပြုလုပ်နည်း
မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး အပူပေးပါ။ ပြီးရင် ထောပတ်ထည့်ပါ။ ကြက်ဥကို အပေါ်ကနေ ခလောက်ချလိုက်ပြီး တဖက်ဆီကို ကျက်အောင်ကြော်ပါ။ မကျက်တကျက်မဟုတ်ဘဲ ကျက်အောင်ကျော်ရမှာပါ။ ဆားနည်းနည်းနဲ့ ငရုတ်ကကောင်းမှုန့်နည်းနည်းထည့်ပါ။ ကြက်ဥကြော်နေတဲ့ချိန်မှာ ချိစ်ပြားတပြားကိုတင်ပေးပါ။ အရည်ပျော်သွားအောင်ထားပါ။ ပြီးရင် ကြက်ဥကို ဆယ်ယူပြီး ကျန်တဲ့အလုံးတွေကိုလည်းကြော်ပါ။ ပြီးရင် ပေါင်မှုန့် ၄ ချပ်မှာ တစ်ခုဆီတင်လိုက်ပါ။ ပြီးရင် ကျန်တဲ့ပေါင်မှုန့် ၄ ချပ်ပေါ်မှာ Mayonnaise နဲ့ ခရမ်းချဉ်သီးဆော့အနည်းငယ်တင်ပေးပြီး တစ်ခုချင်းဆီမှာ အုပ်ပေးလိုက်ပါ။
ပေါင်မှုန့်ကို လှီးပေးလိုက်ပြီး စားသုံးလို့ရပါပြီ။
ပြင်ဆင်ချိန် ၅ မိနစ်
ချက်ပြုတ်ချိန် ၁၀ မိနစ်
ပါဝင်တဲ့ အဟာရ= ကယ်လိုရီ ၃၈၆၊ ကာဘွန်ဟိုက်ဒရိတ် ၂၈.၂ဂရမ်၊ ပရိုတင်း-၁၆.၆ဂရမ်၊ အဆီ ၂၃ ဂရမ်၊ ကိုလက်စထရော-၂၂မီလီဂရမ်။