Sandwich လုပ်ရမှာ အများအားဖြင့် ပါဝင်ပစ္စည်းတွေအများကြီးထည့်လေ့ရှိပါတယ်။ တခါတလေမှာ ကလေးတွေက အခုလိုပါဝင်ပစ္စည်းအများကြီးထည့်ထားတာကိုစားရတာ ငြီးငွေ့လာပါတယ်။ ကြက်ဥနဲ့ Sandwich လုပ်ကြည့်ရအောင်။

ပါဝင်ပစ္စည်း

IMG_2963-4_zps82e4acc7

ကြက်ဥ ၄ လုံး

11629_Texas_Toast_Bread

ပေါင်မှုန့် ၈ ချပ် (မီးကင်ပြီး)

processed cheese slices

ချိစ် ၄ ပြား

Spoon_Butter

ထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

gheemayo2

Mayonnaise စားပွဲတင်ဇွန်း ၂ ဇွန်း

363348ccd7adf19eb639a29e63dc2af4

ခရမ်းချဉ်သီးဆော့လ် စားပွဲတင်ဇွန်း ၂ ဇွန်း

120103_FOOD_SaltPepper.jpg.CROP.rectangle3-large

ဆား နဲ့ ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း

Fried-Egg-Sandwich

မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး အပူပေးပါ။ ပြီးရင် ထောပတ်ထည့်ပါ။ ကြက်ဥကို အပေါ်ကနေ ခလောက်ချလိုက်ပြီး တဖက်ဆီကို ကျက်အောင်ကြော်ပါ။ မကျက်တကျက်မဟုတ်ဘဲ ကျက်အောင်ကျော်ရမှာပါ။ ဆားနည်းနည်းနဲ့ ငရုတ်ကကောင်းမှုန့်နည်းနည်းထည့်ပါ။ ကြက်ဥကြော်နေတဲ့ချိန်မှာ ချိစ်ပြားတပြားကိုတင်ပေးပါ။ အရည်ပျော်သွားအောင်ထားပါ။ ပြီးရင် ကြက်ဥကို ဆယ်ယူပြီး ကျန်တဲ့အလုံးတွေကိုလည်းကြော်ပါ။ ပြီးရင် ပေါင်မှုန့် ၄ ချပ်မှာ တစ်ခုဆီတင်လိုက်ပါ။  ပြီးရင် ကျန်တဲ့ပေါင်မှုန့် ၄ ချပ်ပေါ်မှာ Mayonnaise နဲ့ ခရမ်းချဉ်သီးဆော့အနည်းငယ်တင်ပေးပြီး တစ်ခုချင်းဆီမှာ အုပ်ပေးလိုက်ပါ။

ပေါင်မှုန့်ကို လှီးပေးလိုက်ပြီး စားသုံးလို့ရပါပြီ။

ပြင်ဆင်ချိန် ၅ မိနစ်

ချက်ပြုတ်ချိန် ၁၀ မိနစ်

ပါဝင်တဲ့ အဟာရ= ကယ်လိုရီ ၃၈၆၊ ကာဘွန်ဟိုက်ဒရိတ် ၂၈.၂ဂရမ်၊ ပရိုတင်း-၁၆.၆ဂရမ်၊ အဆီ ၂၃ ဂရမ်၊ ကိုလက်စထရော-၂၂မီလီဂရမ်။