ပါဝင်ပစ္စည်းများ

ငှက်ပျောဖူး

မြေပဲဆံ

ဗက်နီကာ (ရှာလကာရည်)

ကြက်သွန်နီ

ကြက်သွန်ဖြူဆီချက်

ပုဇွန်ခြောက်ထောင်း

ငရုတ်သီးစိမ်း

သံပုရာရည်

ငံပြာရည်

ငံပြာရည်

အချိုမှုန့်

ပြင်ဆင်ပြုလုပ်နည်း

ငှက်ပျောဖူး အရင့်တွေကို ဆားအနည်းငယ်၊ ဗက်နီကာ ထည့်၍ ရေနွေး ပွက်ပွက်ဆူတွင် ပြုတ်ပါ။

နူးလျှင် ရေညှစ်၍ မြေပဲဆံထောင်း၊၊ ကြက်သွန်ဖြူဆီချက်၊ ဆား၊ အချိုမှုန့်နှင့် သုပ်ပါ။

ငှက်ပျောဖူး အနုပိုင်းကိုတော့ ပါးပါးလှီး၊ ဆား၊ သံပုရာရည်နှင့် တစ်ညသိပ်၍ ပုဇွန်ခြောက်ထောင်း၊ ငံပြာရည်၊ ကြက်သွန်နီပါးပါးလှီး၍ မနက်ဖြန်မှ သုပ်ပါ။

စားကာနီးတွင် ပါးပါးလှီးထားသော ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းကို အသုပ်ပေါ်မှ ဖြူးလိုက်ပါ။ စားရန်အသင့် ဖြစ်ပါပြီ။

Credit: Ma Paung