အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာ ဝက်သားနှပ်နူးနူးအိအိလေးချက်စားရအောင်ပါ။
ပါဝင်ပစ္စည်း
- ဝက်သား
 - ပဲငံပြာရည်အနှောက် ၂၀ ml
 - ဝိုင် ၂၀ ml
 - ငရုတ်သီးအနီ (အခြောက် ၁တောင့်)
 - သစ်ကြမ်းပိုးခေါက် ၁ ချောင်း (၁ cm ခန့်)
 
- ဂျင်း အနည်းငယ်
 - ကြက်သွန်မြိတ် အနည်းငယ်
 - သကြား
 
- ဆား
 - နာနတ်ပွင့်
 - ဆီ
 
ပြုလုပ်နည်း
အရင်ဆုံးဝက်သားလေးတွေကို ရေသေချာဆေးလိုက်ပြီး အိုးထဲမှာ အစီအရီထည့်ကြော်လိုက်ပါ။ တစ်ဖက်တစ်ချက်ဆီ အညိုရောင်လေးသန်းသွားတဲ့အထိကြော်ပေးပါ။
အဲဒီနောက် ခဏဆယ်ပေးလိုက်ပါ။
အိုးထဲမှာ ဆီနဲ့ သကြားကို ထည့်ပြီးသကြားအရည်ပျော်အောင် အရင်ထားလိုက်ပါ။
ပြီးရင်တော့ ဝက်သားထည့်ပြီး မွှေပေးလိုက်ပါ။
အဲဒီနောက် တခြားပါဝင်ပစ္စည်းတွေကို တစ်ခုချင်းထည့်ပါ။
သေချာမွှေပါ။
ရေနွး ၁ ခွက်စာလောက် နည်းနည်းလောင်းထည့်လိုက်ပါ။
အဲဒီနောက် ဆားထည့်ပါ။
အဖုံးအုပ်ပြီး မီးအေးအေးနဲ့ နှပ်ထားပါ။ မိနစ် ၉၀လောက်ထားပါ။
အရည်ကျန်သေးရင် ဆစ်ချလိုက်ပါ။
အဲဒီနောက်အဲဒီအရည်ကိုအိုးထဲထည့်ပြီး ဆူအောင်တည်လိုက်ပါ။
ပြီးရင်တော့ ဝက်သားကိုထည့်လိုက်ပြီး နှံ့အောင်မွှေပေးလိုက်ပါ။
အရည်လေးကပျစ်ပျစ်လေးနဲ့ဆို ရပါပြီနော်။
Source: www.yumofchina.com
By : MyFood Myanmar
											
				













