အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာ ဝက်သားနှပ်နူးနူးအိအိလေးချက်စားရအောင်ပါ။

ပါဝင်ပစ္စည်း

  • ဝက်သား
  • ပဲငံပြာရည်အနှောက် ၂၀ ml
  • ဝိုင် ၂၀ ml
  • ငရုတ်သီးအနီ (အခြောက် ၁တောင့်)
  • သစ်ကြမ်းပိုးခေါက် ၁ ချောင်း (၁ cm ခန့်)

  • ဂျင်း အနည်းငယ်
  • ကြက်သွန်မြိတ် အနည်းငယ်
  • သကြား

  • ဆား
  • နာနတ်ပွင့်
  • ဆီ

ပြုလုပ်နည်း

အရင်ဆုံးဝက်သားလေးတွေကို ရေသေချာဆေးလိုက်ပြီး အိုးထဲမှာ အစီအရီထည့်ကြော်လိုက်ပါ။ တစ်ဖက်တစ်ချက်ဆီ အညိုရောင်လေးသန်းသွားတဲ့အထိကြော်ပေးပါ။

အဲဒီနောက် ခဏဆယ်ပေးလိုက်ပါ။

အိုးထဲမှာ ဆီနဲ့ သကြားကို ထည့်ပြီးသကြားအရည်ပျော်အောင် အရင်ထားလိုက်ပါ။

ပြီးရင်တော့ ဝက်သားထည့်ပြီး မွှေပေးလိုက်ပါ။

အဲဒီနောက် တခြားပါဝင်ပစ္စည်းတွေကို တစ်ခုချင်းထည့်ပါ။

သေချာမွှေပါ။

ရေနွး ၁ ခွက်စာလောက် နည်းနည်းလောင်းထည့်လိုက်ပါ။

အဲဒီနောက် ဆားထည့်ပါ။

အဖုံးအုပ်ပြီး မီးအေးအေးနဲ့ နှပ်ထားပါ။ မိနစ် ၉၀လောက်ထားပါ။

အရည်ကျန်သေးရင် ဆစ်ချလိုက်ပါ။

အဲဒီနောက်အဲဒီအရည်ကိုအိုးထဲထည့်ပြီး ဆူအောင်တည်လိုက်ပါ။

ပြီးရင်တော့ ဝက်သားကိုထည့်လိုက်ပြီး နှံ့အောင်မွှေပေးလိုက်ပါ။

အရည်လေးကပျစ်ပျစ်လေးနဲ့ဆို ရပါပြီနော်။

Source: www.yumofchina.com

By : MyFood Myanmar