အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ တရုတ်နိုင်ငံမှာ နာမည်ကျော်တဲ့ ဝက်သား (၃) ထပ်သားချက်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ဝက်သား ၃ ထပ်သား (၁၅ ကျပ်သားခန့်)
  • ဂျင်း ပါးပါးလှီး (၆ စိတ်)
  • ဆီ အနည်းငယ်
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • နံနံပင် ပါးပါးလှီးအနည်းငယ်

  • ဝိုင်အနည်းငယ်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း  ၁ ဇွန်းခွဲ
  • သစ်ကြမ်းပိုးခေါက် အနည်းငယ်
  • နာနတ်ပွင့် ၂ ပွင့်

  • ကရဝေးရွက် ၄ ရွက်
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ရေ ၄ ခွက်

ပြုလုပ်နည်း

အရင်ဆုံး ဝက်သားကို ပါးပါးလှီးပါ။ ပြီးရင်ရေသေချာဆေးပေးလိုက်ပါ။ အဲဒီနောက် ဂျင်းနဲ့ ရေထည့်လိုက်ပြီး ဝကက်သားကို ပြုတ်ပေးလိုက်ပါ။

ဝက်သားရပြီဆိုရင် မီးဖိုပေါ်ကချပြီး ရေဆစ်လိုက်ပါ။

ပြီးရင်တော့ ဆီကိုအိုးနဲ့အပူပေးလိုက်ပါ။ သကြားထည့်ပါ။ သကြားအရည်ပျော်သွားရင် ဝက်သားထည့်လိုက်ပါ။ ဂျင်းနဲ့ ကြက်သွန်မြိတ်ကိုလည်းထည့်လိုက်ပါ။

အဲဒီနောက် သေချာမွှေပေးလိုက်ပြီး ဝိုင်ထည့်လိုက်ပါ။ ပြီးရင် ပဲငံပြာရည်တွေနဲ့ သစ်ကြမ်းပိုးခေါက်၊ နာနတ်ပွင့်၊ ကရဝေးရွက်နဲ့ ငရုတ်သီးမှုန့်ထည့်လိုက်ပါ။

ရေလည်းထည့်လိုက်ပါ။ အပူချိန်အနေတော်လောက်ထားပြီး ချက်ပေးရမှာဖြစ်ပါတယ်။

အနှစ်တွေ ခမ်းမသွားအောင်ဂရုစိုက်ပါ။ ရေလိုရင် ရေထပ်ထည့်ပေးပါ။

ဝက်သားလည်းနူးပြီး အနေတော်လောက်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါပြီနော်။

Source; www.theworkoflife.com

By: MyFood Myanmar