လက်သုပ်လို့ဆိုလိုက်တာနဲ့ သိပ်ပြီးတော့ထူးဆန်းတယ်လို့ မတွေးနိုင်မိပါဘူး။ ဒါပေမယ့်လည်း ဒီဟင်းလျာလေးကတော့ စိတ်ပြောင်းသွားစေနိုင်ပါတယ်။ အရသာအလွန်ရှိပြီး အရောင်အသွေးစုံစုံလေးနဲ့မို့ စားရတာလည်း ခံတွင်းအလွန်မြိန်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ဂေါ်ဖီထုပ်အနီ (လှီးပြီးသား) – ၄ ခွက်
မုန်လာဥနီ (အခွံခွာပြီး၊ လှီးပြီးသား) – ၄ ခွက်
သရက်သီး (လှီးပြီးသား) – ၂ လုံး
နံနံပင် – အနည်းငယ်
သံပုရာရည် – အနည်းငယ်
Balsamic ရှာလကာရည် – ၂ ဇွန်း
ဆား – အနည်းငယ်
ပြင်ဆင်ပုံအဆင့်ဆင့်
ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ သရက်သီးနှင့် နံနံပင်တို့ကို ရောမွှေပေးပါ။
သံပုရာရည်၊ Balsamic ရှာလကာရည်၊ ဆားတို့ကိုထည့်ပြီး သေသေချာချာသုပ်ပေးပါ။
မိမိခံတွင်းအလိုက် အရသာကိုထပ်ပေါင်းထည့်ပြီး သေချာအအေးခံပေးပါ။ မစားသုံးခင်မှာလည်း သေချာနှံ့အောင်နယ်ပေးပြီး အရသာရှိရှိ စားသုံးပေးနိုင်ပါတယ်။