ပူအိုက်တဲ့ နွေရာသီရဲ့ နေ့လည်နေ့ခင်းတွေမှာ အေးမြတဲ့ သစ်သီးဖျော်ရည်အေးအေးလေးတစ်ခွက်ကို တောင့်တမိကြမှာပဲနော်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီအတွက် အသင့်တော်ဆုံး၊ အကိုက်ညီဆုံး သစ်သီးကလည်း အရည်ရွှမ်းတဲ့ ဖရဲသီးပဲဖြစ်ပါတယ်။

ဖရဲသီးမှာ ရေဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ရေငတ်ပြေစေပြီး အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ ပင်စိမ်းရွက်၊ ပျားရည်တို့နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ပိုအရသာရှိပြီး အနံ့သင်းသင်းလေးနဲ့ သောက်လို့ အင်မတန်ကောင်းပါတယ်။ ရေငတ်ပြေစေပြီး အပူအအိုက်သက်သာစေဖို့အတွက် ဖရဲသီးဘယ်လို ဖျော်သောက်ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဖရဲသီးတစ်လုံးရဲ့ လေးပုံပုံ တစ်ပုံ
  • ရေခဲတုံး အနည်းငယ်
  • နွားနို့၅၉ မီလီလီတာ
  • ပင်စိမ်းရွက် ၁ ရွက်
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဖရဲသီးကို အတုံးသေးသေးများဖြစ်အောင် တုံးထားလိုက်ပါ။

၂။ သစ်သီးဖျော်စက်ထဲသို့ ဖရဲသီး၊ နွားနို့၊ ရေခဲတုံး၊ ပင်စိမ်းရွက်နဲ့ ပျားရည်တို့ ထည့်ပြီး မွှေပေးလိုက်ပါ။

၃။ အတုံးအခဲများ မကျန်တော့သည်အထိ မွှေပြီးတဲ့နောက်မှာတော့ ဖန်ခွက်ထဲထည့်ပြီးနောက် ဖရဲသီးဖျော်ရည်အေးအေးလေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

ဖရဲသီးတစ်လုံးကို အိမ်မှာ အမြဲတမ်းဆောင်ထားမယ်ဆိုရင် နေခြစ်ခြစ်တောက်ပူတဲ့ နေ့လည်နေ့ခင်းမှာ အပြင်ထွက်ဝယ်စရာမလိုဘဲ အခုလိုပဲ မိမိအိမ်မှာ အလွယ်တကူ ဖျော်သောက်လို့ရနိုင်တာပေါ့။

Source : spoonuniversity.com