မင်္ဂလာပါနော်။ သရေစာစားရင်ပဲဖြစ်ဖြစ် ထမင်းနဲ့စားရင်ပဲဖြစ်ဖြစ် သင့်ကို ခံတွင်းမြိန်စေမယ့် ဟင်းချက်နည်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

အဲဒါကတော့ ကြက်သားလုံးကြော်ပါ။ ဘယ်လိုချက်သလဲ ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်း

  • အရိုးမပါတဲ့ ကြက်ရင်အုံသား
  • သံပယိုသီး (သို့) သံပရာသီး တစ်ခြမ်း
  • ဆား အနည်းငယ်
  • ဟင်းခတ်အမွှေးအကြိုင်များ ( ကြက်သွန်နီထောင်း၊ နနွင်းမှုန့်၊ အရောင်တင်မှုန့် စသည့် မိမိနှစ်သက်ရာ)

  • ဂျုံမှုန့် (သို့) ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ဥ အကာ ၁ လုံး
  • Corn Flakes (သို့) ကွေကာအုပ်အကြမ်းမှုန့် ၁ ခွက် (မိမိကြိုက်တာ သုံးနိုင်ပါတယ်။)
  • ပဲပုပ်ဆီ (သို့) မိမိကြိုက်နှစ်သက်ရာဆီ ၁ ခွက်

ပြင်ဆင်မယ်

အရင်ဆုံး ကြက်သားကို အတုံးသေးသေးလေး လှီးလိုက်ပါ။ ပြီးရင် ရေဆေးချလိုက်ပြီး ဆစ်ချလိုက်ပါ။ ပြီးရင် သံပယိုရည် (သို့) သံပရာရည် ညှစ်ထည့်ပါ။ အဲဒီနောက် သေချာလေး မွှေလိုက်ပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်နှပ်ထားပါ။

ပြီးရင်တော့ ပါဝင်ပစ္စည်းတွေအားလုံးကို ရောလိုက်ပါမယ်။

အဲဒီနောက် Corn Flakes (သို့) ကွေကာအုပ်အကြမ်းမှုန့် (တကယ်လို့ရှာရခက်ရင် မထည့်လည်းရပါတယ်နော်) ကို ချေပေးပါ။

ပြီးသွားရင် ကြက်သားနဲ့ ရောလိုက်ပြီး ၅ မိနစ်လောက်ထားထားပါ။

အဲဒီနောက် ဆီကို ပူအောင်သည်ပြီး ကြက်သားလုံးလေးတွေကို ထည့်ကြော်လို့ရပါပြီနော်။

ဆိုင်မှာစားရတာထက် အရသာပိုရှိစေမယ့် ကြက်သားလုံးကြော် အိမ်မှာကြော်စားရအောင်

ကျက်ပြီဆိုရင် မီးဖိုပေါ်က ချပြီး သုံးဆောင်နိုင်ပါပြီ။