ဆန်မှုန့်ကို နှမ်းဆီအနံ့လေးနဲ့အတူ ၀က်အသားပြားနဲ့ ရွှေအပ်မှိုအတွဲလေးက အလိုက်ဖက်ဆုံးပါ။ နေ့လည်နေ့ခင်းစာအဖြစ် သုံးဆောင်လို့ရသလို ညအစာပြေအစာအဖြစ်လဲ အဆင်ပြေစေပါတယ်။

ပါဝင်ပစ္စည်းများ

  • ၀က်ဗိုက်သားပြား ၁၆၀ ဂရမ် (အနေတော် လှီးထားပါ)
  • ရွှေအပ်မှို ၈၅ ဂရမ်
  • နှမ်းဆီ ဇွန်း ၁ စားပွဲဇွန်း
  • ကြက်သွန်ဖြူ ၁ တက် (နူတ်နူတ်စင်းထားပါ)
  • ဘာဘီခယူဆော့ ဇွန်း ၄-၅ စားပွဲဇွန်း
  • ဆန်မှုန့် ၁ ခွက်
  • ငရုတ်ပွနီ၊စိမ်း ခွက် တစ်ဝက် (ပါးပါး ရှည်ရှည်လှီးထားပါ)
  • Eryngii မှို ၁၀၀ ဂရမ် (ပါးပါး လှီးထားပါ)
  • နှမ်းနက်စေ့ လက်ဖက်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းနက် အနည်းငယ်
  • ဆား အနည်းငယ်
  • ကြက်သွန်မြိတ် ၂ ပင် ပါးပါးလှီးထားပါ

ပြုလုပ်နည်း

  1. မကပ်သော ဒယ်အိုးထဲ နှမ်းဆီထည့်ပြီး ပူအောင်တည်ပါ။ ဆီပူလျင် ကြက်သွန် ဖြူ နှင့် ၀က်သားပြားထည့်ပြီး အိုးပူပေးပါ။ သေချာနှံ့အောင် မွှေပေးပါ။ အသား အညိုရောင်းသန်းလာလျင် နှမ်းနက် ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ ထည့်ပြီး မွှေပေးပါ၊ ဆန်မှုန့် နူးအိတယ့် အထိတည်ပါ။ ကြက်သွန်မြိတ် များ ဖြူးပြီး ပူပူလေးသုံးဆောင်ပါ။