မင်္ဂလာပါ။ တခါတလေ ထမင်းစားပျက်တဲ့အခါ ဘာစားလို့စားရမလဲမသိဖြစ်နေတဲ့အချိန်မှာ လုပ်ရတာလက်မဝင်ဘဲ အရသာလည်းရှိတဲ့ ပဲကြာဇံလေးသုတ်စားကြရအောင်။ သေသေချာချာပြုတ်ပြီးစားရင် ကြာဇံလေးက အိအိလေးဆိုတော့ ပိုပြီးတော့ စားလို့မြိန်မှာ အသေအချာပါ။

ပါဝင်ပစ္စည်များ

  • ပဲကြာဇံ – ၁၀ ကျပ်သား
  • အားလူး – ၃ လုံး(ပြုတ်ထားပါ)
  • ကြက်သွန်ဖြူ – ၄ မွှာ (နုတ်နုတ်စင်း)
  • ငရုတ်သီးစိမ်း – ၅ တောင့် (နုတ်နုတ်စင်း) အစပ်ကြိုက်ပိုထည့်ပါ။
  • နံနံပင် – ၁၅ ပင်ခန့် (နုတ်နုတ်စင်း)
  • ပုစွန်ခြောက် – ၁၅ ကောင်ခန့် (ထောင်းထားပါ)
  • မြေပဲ အနည်းငယ် (ထောင်းထားပါ)
  • သံပုရာသီး
  • မျှင်ငပိ (မီးကင်ထားပါ)
  • ငံပြာရည်

ပြုလုပ်နည်း

  1. ပဲကြာဇံကိုပြုတ်ပါ။ ရလျှင် ရေဆေး ရေစစ်ထားပါ။
  2. ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငပိ၊ အားလူး၊ ပုစွန်ခြောက်၊ မြေပဲ၊ ငရုတ်ဆီချက် (ငရုတ်ပုထောင်း (အစိမ်းမှုန့်) ကိုဆီချက်ထားပါ။)
  3. အားလုံး အဆင်သင့်ဖြစ်လျှင် ရောထည့်၍ ငံပြာရည်၊ မကျည်းရည်၊သံပုရာရည် ထည့်၍ ရောနယ်ကာ ရပါပြီ။  အချိုမှုန့် ၊ ကြက်သားမှုန့် သုံးလျှင် ထည့်ပါ။

Credit: ချက်ကြည့်ကြစို့