အားလုံးပဲမင်္ဂလာပါနော်။ ပါကိုရာ ထမင်းလုံးကြော်လို့ခေါ်တဲ့ အစားအစာကတော့ အိန္ဒိယမှာ နာမည်ကျော်ပြီး လုပ်ရလွယ်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ထမင်း ခွက်တစ်ဝက်
  • ကုလားပဲမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၂ လုံး
  • ငရုတ်သီးအစပ်သီး ၂ လုံး
  • ငရုတ်သီးမှုန့် အနည်းငယ်

  • နံနံပင်အနည်းငယ်
  • ပျဉ်တော်သိမ်ရွက် အနည်းငယ်
  • ဆားအနည်းငယ်
  • ဆီ

ပြုလုပ်နည်း

အရင်ဆုံး ကြက်သွန်နီ၊ ငရုတ်သီး၊ ပျဉ်တော်သိမ်ရွက်၊ နံနံပင်တို့ကို တောက်တောက်စဉ်းလိုက်ပါ။ ထမင်းကို လက်နဲ့ ပြဲအောင်လုပ်လိုက်ပါ။ အဲဒီနောက် လှီးထားတဲ့ အသီးအရွက်တွေထည့်ပြီးရောလိုက်ပါ။ ပြီးရင်တော့ အခု ကုလားပဲမှုန့်၊ ငရုတ်သီးမှုန့်နဲ့ ဆားထည့်လိုက်ပြီး၊ ရေ နည်းနည်းထည့်ပြီး သေချာမွှေပေးလိုက်ပါ။

ပြီးရင်တော့ ဆီကိုအပူပေးလိုက်ပြီး ထမင်းကို အလုံးလေးလုပ်ကာ ကြာ်ပေးလိုက်ပါ။ အကြော်ကြော်သလိုပါပဲနော်။

အညိုရောင်သန်းလာရင် သုံးဆောင်လို့ရပါပြီ။

Source: www.tasty-indian-recipes.com

By: MyFood Myanmar