ဟင်းအနှစ်တွေ မစားချင်တဲ့အခါ အလွယ်တကူ သုပ်စား ဖြစ်တဲ့ လွယ်ကူ မြန်ဆန်တဲ့ ထမင်းသုပ်လေးပါ ။
ပါဝင်ပစ္စည်းများ
- ထမင်းပူပူ
- ငံပြာရည်
- ပဲပုတ်ထောင်း
- မြေပဲထောင်း
- မန်ကျည်းနှစ်
- ကြက်သွန်ဖြူ ဆီချက်
- အစာဆိုးဆေး အနည်းငယ် (နှစ်သက်လျှင်)
ပြုလုပ်နည်း
ချက်ထားတဲ့ ထမင်းပူပူကို ငံပြာရည် ၊ ပဲပုတ်ထောင်း ၊ မြေပဲထောင်း ၊ မန်ကျည်းနှစ် ၊ ကြက်သွန်ဖြူ ဆီချက် ၊ အစာဆိုးဆေး အနည်းငယ် (နှစ်သက်လျှင်) တို့နှင့် ခပ်ဖွဖွနယ်ပြီး အရသာ စိတ်ကြိုက် ပြင်ဆင်ပါ ။
ကြက်ဥကြော် ၊ ငါးဖယ်ကြော်လေးများ နှင့် စားလို့ အလွန်ကောင်းလှ ပါတယ်ရှင် ။
Credit: Soe’s Cooking Collection.