တို့ဖူး အမျိုးမျိုး ရှိတဲ့အနက် ဒီတခါတော့ ဆန်နဲ့လုပ်တဲ့ ဆန်တိုဖူး ဖြစ်ပါတယ်။ ဆန်တို့ဖူး၊ မြေပဲတို့ဖူး၊ ဝမ်းတို့ဖူး (တို့ဖူးဝါ)၊ ပဲတို့ဖူး (ပဲဝါလေး တို့ဖူး)၊ ပဲပြား (ပဲပုပ်စေ့တိုဖူး)၊ ကြက်ဥတိုဖူး အမျိုးမျိုးရှိသည့်အထဲမှ ဆန်တို့ဖူးကတော့ လွယ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့် – နို့ဆီဗူးတစ်ဗူး
  • ထုံး – လ္ဘက်ရည်တစ်ဇွန်း
  • ကြက်သွန်ဖြူ
  • ခရမ်းချဉ်သီး
  • နှမ်း

  • မြေပဲ
  • နံနံပင်
  • ဆား
  • အချိုမှုန့်

  • ငရုပ်သီး
  • ဆီ
  • ရှာလကာရည် (သို့) ဗီနီကာရည်

ဆန်တိုဖူးကျိုနည်း

ဆန်မှုန့်နို့ဆီဗူးတစ်ဗူးကို ရေနို့ဆီဗူး တဗူးနှင့် ဖျော်ထားပါ ။ ထုံး (ကွမ်းယာမှာ ထည့်တဲ့ထုံး) လ္ဘက်ရည်တစ်ဇွန်းကို ရေနဲ့ ဖျော်ထားပါ။

အိုးတလုံးမှာ ရေနို့ဆီဗူး ( ၃) ဗူးထည့်ပါ ။ ပွက်ပွက်ဆူလာရင် ၊ ထုံးကို အပေါ်ယံအရည်ကြည်လေးထည့် ၊ ရေဖျော်ထားတဲ့ ဆန်မှုန့်ကို အစက်မပြတ်မွှေပေးပါ ။ တိုဖူးသားတွေပျစ်ခဲလာပြီဆိုရင် ဗန်းထဲထည့်ပြီး အအေးခံထားပါ။

အဆာပလာအတွက်

1. စီတိုဖူးကို ရေကျက်အေးနဲ့ ခပ်ကျဲကျဲလေးဖျော်ပြီး ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီးတို့ကို ဆီသတ်ပြီး စီတိုဖူး ချက်ထားပါ။

2. ကြက်သွန်ဖြူ ၊ နှမ်း ၊ မြေပဲတို့ကို ရောပြီး ဆီကျက်ချက်ထားပါ ။

3. ကြက်သွန်ဖြူကို ညှက်နေအောင်ထောင်းထားပါ ။ နံနံပင်ကို ရိပ်ရိပ်လှီးပြီး ရေကျက်အေးနဲ့ ရောထားပါ ။

4. ဆားရည်ဖျော်ထားပါ ။ ငရုပ်သီးကိုထောင်းပြီး ကြော်၍ ဆီပြန်စိမ်ထားပါ ။ အချိုမှုန့် ၊ ရှာလကာချဉ်(သို့) ဗီနီကာ( အရက်ချဉ် (ခေါ်) အရက်ချက်ပြီး ကျန်တဲ့ ကဇော်က ရတဲ့အချဉ်) နဲ့ စားကြပါတယ် ။

5. အအေးခံထားတဲ့ ဆန်တိုဖူးကို ပါးပါးလှီး ၊ အဆာပလာတွေထည့်ပြီး စားလို့ရပါပြီး ။

Credit: Baby Taster