အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သားကင်နဲ့ အသီးအရွက်ပူပူလေးကြော်စားရအောင်ပါ။
ပါဝင်ပစ္စည်း
- ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ဂျင်းတောက်တောက်စဉ်းအနည်းငယ်
- ကြက်သွန်ဖြူ ၂ မွှာ (တောက်တောက်စဉ်း)
- မှို အနည်းငယ် (ပါးပါးလှီးပါ)
- ငရုတ်ပွသီး (ပါးပါးလှီးပါ)
- မြစ်အနည်းငယ် (ရေသေချာဆေးပါ)
- သစ်အယ်သီးအနည်းငယ် ပါးပါးလှီးပါ
- ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဝက်သားကင် ပါးပါးလှီး (၃ ခွက်ခန့်)
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆားအနည်းငယ်
- သကြားအနည်းငယ်
- နှမ်းဆီအနည်းငယ်
- ခရုဆီ အနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ရွှေ ပဲသီးအနည်းငယ်
- ကြက်သားစွပ်ပြုတ်ခွက်တစ်ဝက်
- ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရေစားပွဲတင်ဇွန်း ၁ ဇွန်းအရော
ပြုလုပ်နည်း
ဝက်သားကို အရင်ကင်းပေးရမှာပါ။ တကယ်လို့ ဝက်သားမကင်ချင်ရင်လည်း ခြောက်ခြောက်လေးကြော်ပေးလိုက်ပါ။
အရင်ဆုံး အသီးအရွက်တွေကို သေချာပြင်ဆင်ပြီးရေဆေးထားလိုက်ပါ။
အိုးကိုအပူပေလိုက်ပြီး ဆီထည့်ပါ။ ဂျင်းနဲ့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။
မှို၊ ငရုတ်ပွသီးတို့ထည့်လိုက်ပါ။ ၁၅ စက္ကန့်လောက်မွှေပေးပါ။ မြစ်နဲ့ သစ်အယ်သီးထည့်လိုက်ပါ။ ဝိုင်ထည့်ပါ။
အပူချိန်နည်းနည်းမြင့်လိုက်ပါ။
ဝက်သားထည့်ပါ။ စက္ကန့် ၂၀ – ၃၀ လောက်ကြော်ပေးပါ။
ရွှေပဲသီးထည့်ပါ။ သေချာမွှေပေးပါ။
ကြက်သားစွပ်ပြုတ်ထည့်ပါ။ ဆူလာပြီဆိုရင်တော့ ကော်ရည်ထည့်ပါ။ စက္ကန့် ၂၀ လောက်ထားလိုက်ပါ။ တခြား ကျန်တဲ့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ပဲငံပြာရည်၊ ခရုဆီ၊ ဆားတို့ကို ထည့်လိုက်ပါ။
သေချာမွှေပေးပြီးသုံးဆောင်လို့ရပါပြီနော်။
မှတ်ချက် – မိမိအဆင်ပြေတဲ့ အသီးအရွက်တွေ ထည့်ကြော်နိုင်ပါတယ်နော်။
Source: www.thewoksoflife.com
By: MyFood Myanmar