အားလုံးပဲ မင်္ဂလာပါ။ အကင်အစားအစာတွေ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ သံပုယိုရည်ရဲ့ အချဉ်အရသာကဲထားတဲ့ ဝက်သားကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၅၀၀ ဂရမ်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဖွန်း
  • Ketchup စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • သံပိုယိုသီး (သို့) သံပုရာသီး ၁ လုံး
  • ငရုတ်ကောာင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဂျင်းပြား ၂ ပြား

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို အတုံးခပ်ကြီးကြီးတုံးပြီးနောက် ခရုဆီ၊ Ketchup၊ သကြား၊ သံပုယိုရည်၊ ငရုတ်ကောင်းမှုန့်နှင့် ဂျင်းတို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် ထိုဝက်သားပန်းကန်ကို အဖုံးအုပ်ထားကာ ရေခဲသေတ္တာထဲတွင် တစ်ညထည့်ထားလိုက်ပါ။

၂။ Oven ကို ၁၉၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ ထို့နောက် ဂျင်းအဖတ်များ မပါစေဘဲ ဝက်သားသီးသန့်ကိုသာ ပန်းကန်ထဲမှ ဆယ်ယူလိုက်ပါ။

၃။ သံဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပါ။ ဆီပူလာပါက ဝက်သားပြားကို စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် စက္ကန့် ၃၀ ထပ်ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ထိုဝက်သားဒယ်အိုးကို Oven ထဲထည့်ပြီး ၁၅ မိနစ်ခန့် ထည့်ကင်ပေးလိုက်ပါ။ အချိန်ပြည့်သွားပြီဆိုရင်တော့ Oven ထဲကထုတ်ကာ ဝက်သားကို အနေတော်လှီးဖြတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ သံပုယိုရည်အရသာကဲထားတဲ့ ဝက်သားကင်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Chinasichuanfood.com