ချဉ်ပေါင်ရွက်၊ ချဉ်ပေါင်ဖူးတွေဟာ ကင်ဆာနှင့် သွေးတိုးရောဂါကို ဟန့်တားနိုင်စေပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ကျန်းမာရေးအတွက်ကောင်းတဲ့ ချဉ်ပေါင်ဖူးလတ်လတ်ဆတ်ဆတ်တွေကို ငရုတ်သီးစိမ်းစပ်စပ်နဲ့ ရောပြီး ထောင်းစားရအောင်။

ပါဝင်ပစ္စည်းများ

  • ချဉ်ပေါင်ဖူး ၃၀ဖူး
  • ကြက်သွန်ဖြူ ၃မွှာ
  • ငရုတ်သီးစိမ်း ၁၀~၁၅တောင့်
  • မြေပဲဆံလှော်ပြီးသား လက်တဆုပ်
  • ပုစွန်ခြောက် အနည်းငယ်
  • ဆား အနည်းငယ်
  • မြေပဲဆီ အနည်းငယ်

ပြုလုပ်နည်း

ချဉ်ပေါင်ဖူးတွေကို အလယ်က အစေ့ထုတ်ပြီး ရေဆေးပါ။ ပုစွန်ခြောက်ကို အရင်ထောင်းပါ။ မြေပဲဆံကို ဆက်ထောင်းပါ။ ကြက်သွန်ဖြူ နဲ့ငရုတ်သီးစိမ်းကို ဆက်ထောင်းပါ။

နောက်ဆုံးမှ ချဉ်ပေါင်ဖူးကို နဲနဲစီထည့်ပြီး ထောင်းပါ။ ထောင်းနေစဉ် ဆားနည်းနည်းစီ ထည့်ထောင်းပါ။ (အများကြီး မထည့်ရပါ) အားလုံးရောထောင်းပြီး အရသာအပေါ့အငန် လိုသလိုပြင်ပါ။ မြေပဲဆီဆမ်းလိုက်ရင် စားရန်အသင့်

တချို့လည်း စိမ်းစားငါးပိကို မီးဖုတ်ပြီး ထည့်ထောင်း ကြပါတယ်။ အညာကတော့ မြေပဲဆံနဲ့ထောင်းပါတယ်။

(ချဉ်ပေါင်ဖူးထောင်းက ပဲဟင်းရည်(သို့) ပဲနှပ်ချက်ပြီး အသားတမျိုးမျိုး (အမဲသားကြော်)နဲ့ လိုက်ပါတယ်။)

Credit: KaeKae’s Food Palace