အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ချဉ်ချဉ်စပ်စပ်အရသာလေး စိမ့်ဝင်နေတဲ့ ကြက်ပေါင်ကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၁၂ တုံး
  • မုန်လာဥနီ အလုံးကြီး ၂ လုံး (အလျားလိုက် လှီးဖြတ်ထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (ဓားပြားရိုက်ထားပါ)
  • သံပုယိုရည် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ပန်းကန်လုံးထဲတွင် သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ သံပုယိုရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ ကြက်သားတုံးများကို စောစောက သံပုယိုရည်အရောအနှောထဲ ထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ၂ နာရီ (သို့) တစ်ညခန့် နှပ်ထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သားများကို လင်ဗန်း ထဲထည့်ပါ။ မုန်လာဥနီများထည့်ကာ Oven ထဲတွင် ၂၅ မိနစ်ခန့် ကင်ပေးလိုက်ပါ။ ထို့နောက် ကြက်သားတုံးများကို အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂၅ မိနစ်ခန့် ကင်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သားများကို ၁၀ မိနစ်ခန့် အအေးခံပေးလိုက်ပါ။

Source: Myfavouritepastime.com