အားလုံးပဲ မင်္ဂလာပါ။ အစားအသောက်အသစ်အဆန်းလေးတွေကို ပြင်ဆင်ချက်ပြုတ်ရတာ နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ရုရှားစတိုင်လ် ဂဏန်း ပြောင်းဖူး ကြက်ဥသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်ရတာလည်း လွယ်ကူတဲ့အတွက်ကြောင့် အချိန်မကုန်ဘဲ မြန်မြန်ဆန်ဆန်ပြင်ဆင်နိုင်တဲ့ ဟင်းလျာတစ်မျိုးပါပဲ။

ပါဝင်ပစ္စည်းများ

  • ဂဏန်းချောင်း ၁ ပေါင်ခွဲခန့်
  • ကြက်ဥပြုတ် (သို့) ဘဲဥပြုတ် ၆ လုံး/ ၇ လုံး
  • ကြက်သွန်နီ ဥသေး ၁ လုံး
  • မိရောနိစ် ပန်းကန်လုံး တစ်လုံးစာ
  • ပြောင်းဖူး ၁၅ အောင်စ
  • ပဲလုံး ၁၅ အောင်စ (အသင့်စား ပြောင်းဖူးနဲ့ ပဲလုံးအသုံးပြုလည်း ရပါတယ်)

ပြင်ဆင်နည်းအဆင့်ဆင့်

ဂဏန်းချောင်းများကို အတုံးသေးသေးလေးတုံးမယ်၊ ကြက်ဥပြုတ်ကို အခွံခွာပြီး အတုံးသေးသေး ပြုလုပ်ပါ။ ကြက်သွန်နီကိုလည်း အတုံးသေးသေးပြုလုပ်ပြီး ပန်းကန်လုံးအကြီးထဲ ထည့်ထားပါ။ ပြောင်းဖူးများကိုလည်း ပန်းကန်လုံးထဲ လောင်းထည့်လိုက်ပါ။

ထို့နောက် မိရောနိစ် ပန်းကန်လုံးအသေးတစ်ခွက်ခန့်ကို လောင်းထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

ပဲလုံးကိုတော့ နောက်ဆုံးအဆင့်မှ ထည့်ပေးပြီး သမအောင် ရောမွှေရပါမယ်။

ရောမွှေထားတဲ့ ဂဏန်း ပြောင်းဖူး ကြက်ဥသုပ်ကို ပန်းကန်လုံးအသေးထဲထည့်ပြီး ပန်းကန်ပြားပေါ် မှောက်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာကောင်းမွန်လှတဲ့ ဂဏန်း ပြောင်းဖူး ကြက်ဥသုပ်ကို သုံးဆောင်နိုင်ပါပြီ။

Source: natashaskitchen.com