အားလုံးပဲ မင်္ဂလာပါ၊ ဒီတစ်ခါမှာတော့ အရသာရှိလှတဲ့ ဆော်လမွန်ငါး၊ ထောပတ်သီးကြက်ဥမွှေကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ

  • ပါးပါးလှီးထားသော ကြက်သွန်နီ

  • ဆားအနည်းငယ်
  • ဟင်းနုနွယ် (အဆင်သင့်ချွေထားပြီးသား)

  • နံနံပင် အနည်းငယ်

  • ကြက်ဥသုံးလုံး (အဆင်သင့် မွှေထားပြီးသား)

  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ထောပတ်သီး လေးပုံတစ်ပုံ (အနေတော် အတုံး တုံးထားပြီးသား)

  • အရိုးနွှင်ထားပြီးသား ဆောလမွန်ငါး သုံးအောင်စ (မိမိကြိုက်နှစ်သက်သော အခြားငါးတစ်မျိုးမျိုးလည်း ရွေးချယ်နိုင်ပါတယ်)

ပြုလုပ်နည်း

ပထမဆုံး ဒယ်အိုးကို မီးအပူပေးပါ။ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာတဲ့အထိစောင့်ပါ။ ပြီးရင် အရိုးနွှင်ထားပြီးသား ဆော်လမွန်ငါးနဲ့ ကြက်သွန်နီကို နှစ်မိနစ်ခန့် ကြော်ပေးပါ။ ကြက်သွန်ဖြူထပ်ထည့်ပြီး ( ၃၀) စက္ကန့်လောက် ထားပါ။ ပန်းကန်ပြားထဲမှာ အသင့်ချွေထားပြီးသားဟင်းနုနွယ်ကို ထည့်ထားပါ။ ဒယ်အိုးထဲက ပူနေတဲ့ဆော်လမွန်ငါးကို ဟင်းနုနွယ်ပေါ်ထားလိုက်ပါ။ ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းအနည်းငယ်ဖြူးလိုက်ပါ။

ဒယ်အိုးကို သန့်စင်ဆေးကြောလိုက်ပါ (ဒါမှမဟုတ် ဒယ်အိုးအသစ်ပြောင်းသုံးလိုက်ပါ) ဒယ်အိုးထဲသို့ဆီထည့်ပါ။ ဆီနည်းနည်းပူလာပြီဆိုရင် မွှေထားတဲ့ကြက်ဥကိုဒယ်အိုးထဲထည့်ကြော်ပါ။ ကြက်ဥကိုမမွှေပါနဲ့။ အောက်ဘက်ကကြက်ဥမျက်နှာပြင်က ကျက်လာပြီဆို တစ်ဖက်ကိုလှန်လိုက်ပါ။ ပြီးရင်တော့ ထောပတ်သီးအတုံးလေးတွေနဲ့ ခုနပန်းကန်ပြားထဲက ဆော်လမွန်ငါး၊ ဟင်းနုနွယ်ကို ကြက်ဥပေါ်တင်လိုက်ပါ။ ပြီးရင် ကြက်ဥကို လိပ်ပြီး ပန်းကန်ပြားထဲ ထည့်လိုက်ပါ။ ပြီးရင်တော့ နံနံပင်လေးနဲ့ မိမိစိတ်ကြိုက်အလှဆင်လိုက်မယ်ဆိုရင် အရသာရှိတဲ့ ဟင်းတစ်ခွက်ကို ရရှိမှာအမှန်ပါပဲ။

Source: www.rippedrecipes.com