ဆော်လမွန်ငါးက အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ် အကြွယ်ဝဆုံးသော ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ငါးတစ်မျိုးပဲဖြစ်ပါတယ်။ ထိုငါးကို ကိုရီးယားစတိုင်လ် Bulgogi အရသာ ကြော်နည်းဖြင့် ဘယ်လိုကြော်ရမလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆော်လမွန်ငါး ၁ ပေါင်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော်လမွန်ငါးအရိုးများ ရှိပါက ငါးအရိုးများကို ဖယ်ရှားထားပါ။ ထို့နောက် ငါးများကို တစ်လက်မအထူခန့် လှီးဖြတ်ထားပါ။

၂။ ပန်းကန်လုံး တစ်လုံးထဲတွင် ပဲငံပြာရည်၊ ဆန်ဝိုင်၊ နှမ်းဆီ၊ သံပုယိုရည်၊ သကြား၊ ပျားရည်၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေထားပါ။ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးရပါမယ်။

၃။ ထို့နောက် ငါးအတုံးများကို ထိုအရည် အရောအနှောထဲတွင် မိနစ် ၂၀၊ မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။

၄။ အချိန်ကြာကြာစိမ်ထားတဲ့အခါ အရည်များက အသားထဲ စိမ့်ဝင်သွားပါလိမ့်မယ်။ ထိုအခါ အိုးမတူးတဲ့ဒယ်အိုးကို အပူပေးပါ။ ဆီထည့်ပြီးနောက် ဆော်လမွန်ငါးများကို တစ်ဖက်ခြမ်းစီကို ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ငါးရဲ့လေးဘက်လေးတန်စလုံး ကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ Bulgogi အရသာ ဆော်လမွန်ငါးကြော်လေး ရရှိသွားပါပြီ။

Source: Koreanbapsang.com